ကမ္ဘာဦး 24:53 - မြန်မာ့စံမီသမ္မာကျမ်း53 ထို့နောက် ထိုအစေအပါးသည် ရွှေတန်ဆာ၊ ငွေတန်ဆာနှင့် အဝတ်တန်ဆာတို့ကိုထုတ်၍ ရေဗက္ကာအား ပေး၏။ သူ့အစ်ကိုနှင့် သူ့မိခင်အားလည်း အဖိုးတန်သောလက်ဆောင်များကို ပေး၏။ Ver CapítuloCommon Language Bible53 ထိုနောက်သူသည်ရွှေငွေအဝတ်တန်ဆာများ ကိုထုတ်၍ရေဗက္ကအားပေး၏။ ရေဗက္က၏မောင် နှင့်မိခင်တို့အားလည်းအဖိုးထိုက်တန်သော လက်ဆောင်များကိုပေး၏။ Ver CapítuloGarrad Bible53 ရွှေ ထည် ငွေ ထည် များ နှင့် အ၀တ် တန် ဆာ များ ကို ထုတ် ၍ ရေ ဗ က္က အား ပေး ၏။ အ မိ နှင့် မောင် တို့ အား လည်း အ ဖိုး တန် လက် ဆောင် များ ကို ပေး ၏။ Ver CapítuloJudson Bible53 ငွေဖလား၊ ရွှေဖလား၊ အဝတ်တန်ဆာများကိုထုတ်၍ ရေဗက္ကအားပေး၏။ သူ၏အမိ၊ မောင်အားလည်း၊ အဖိုးထိုက်သော လက်ဆောင်ကိုပေး၏။ Ver Capítulo |
မိန်းမတို့သည် မိမိ၏အိမ်နီးချင်းထံမှလည်းကောင်း၊ မိမိအိမ်၌တည်းခိုနေထိုင်သောသူထံမှလည်းကောင်း ငွေထည်များ၊ ရွှေထည်များနှင့် အဝတ်အစားများကို တောင်း၍ သင်တို့သည် သင်တို့၏သားသမီးများကို ဝတ်ဆင်စေရမည်။ ဤသို့ဖြင့် သင်တို့သည် အီဂျစ်လူမျိုးတို့၏ဥစ္စာပစ္စည်းများကို သိမ်းယူရလိမ့်မည်”ဟု မိန့်တော်မူ၏။
ဟေဇကိမင်းကြီးသည် သူတို့ကို ဝမ်းမြောက်ဝမ်းသာကြိုဆို၍ မိမိဘဏ္ဍာတိုက်ထဲမှ ရွှေငွေ၊ အမွှေးနံ့သာ၊ အဖိုးတန်ဆီမှစ၍ လက်နက်တိုက်အားလုံးနှင့် တွေ့သမျှအဖိုးတန်ရတနာတို့ကို သူတို့အား ပြလေ၏။ နန်းတွင်းနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ထိုသူတို့အား ဟေဇကိမင်းကြီး မပြပေးသောအရာတစ်စုံတစ်ခုမျှမရှိ။