ကမ္ဘာဦး 24:16 - မြန်မာ့စံမီသမ္မာကျမ်း16 ထိုမိန်းကလေးသည် ရုပ်ဆင်းသွင်ပြင်အလွန်လှပ၍ ယောက်ျားနှင့်မဆက်ဆံသေးသော အပျိုကညာဖြစ်၏။ သူသည် စမ်းရေတွင်းသို့ဆင်းသွား၍ ရေဘူးကိုရေဖြည့်ပြီး ပြန်တက်လာ၏။ Ver CapítuloCommon Language Bible16 သူသည်အလွန်ရုပ်ရည်လှသောပျိုကညာဖြစ် ၏။ သူသည်ရေတွင်းသို့ဆင်း၍ရေခရား၌ရေ ဖြည့်ပြီးလျှင်ပြန်တက်လာသည်။- Ver CapítuloGarrad Bible16 ရှု ချင် ဖွယ် အ ဆင်း လှ၍ က ညာ စစ် ဖြစ် သော ထို သ တို့ သ မီး သည် စမ်း ရေ တွင်း သို့ ဆင်း၍ အိုး ကို ရေ ပြည့် စေ ပြီး မှ တက် လာ သော်၊ Ver CapítuloJudson Bible16 ထိုသတို့သမီးသည်၊ အလွန်အဆင်းလှ၍၊ ယောက်ျားနှင့်မဆက်ဆံသေးသော ကညာဖြစ်၏။ ရေတွင်းသို့ဆင်း၍၊ ရေဘူးကိုရေနှင့်ဖြည့်ပြီးမှ တက်လာ၏။ Ver Capítulo |
ထိုအရပ်၌ရှိသောယောက်ျားတို့သည် သူ့မယားအကြောင်းကိုမေးကြသောအခါ ဣဇက်က “ငါ့မယားဖြစ်သည်”ဟု ပြောရမည်ကို ကြောက်၍ “ငါ့နှမဖြစ်သည်”ဟု ဆို၏။ အကြောင်းမှာ ရေဗက္ကာသည် ရုပ်ဆင်းသွင်ပြင်လှပသဖြင့် ထိုအရပ်၌ရှိသောယောက်ျားတို့သည် ရေဗက္ကာအတွက်ကြောင့် မိမိအားသတ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။
“အကျွန်ုပ်သည် အိပ်သော်လည်း စိတ်မှာနိုးလျက်နေ၏။ အကျွန်ုပ်ချစ်သူက ‘ငါ့နှမ၊ ငါ့ချစ်သူလေး၊ ငါ့ချိုးငှက်၊ ပြစ်မျိုးမှဲ့မထင်သူ၊ ငါ့ကို တံခါးဖွင့်ပေးပါ။ ငါ့ခေါင်းသည် နှင်းစက်တို့နှင့် ရွှဲနစ်နေပါပြီ။ ငါ့ဆံပင်သည် ညနှင်းရည်တို့နှင့် ရွှဲနစ်နေပါပြီ’ဟု ဆိုလျက် တံခါးခေါက်နေပါသည်တကား။