ကမ္ဘာဦး 23:20 - မြန်မာ့စံမီသမ္မာကျမ်း20 ဤသို့ဖြင့် ဟေသအမျိုးသားတို့သည် ထိုလယ်နှင့်တကွ လယ်ထဲရှိလိုဏ်ဂူကို အာဗြဟံ၏ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် အတည်ပြုကြလေ၏။ Ver CapítuloCommon Language Bible20 သို့ဖြစ်၍ဟိတ္တိအမျိုးသားတို့ပိုင်သောမြေကွက်နှင့်ဂူသည်အာဗြဟံပိုင်သင်္ချိုင်းမြေဖြစ်လာလေသည်။ Ver CapítuloGarrad Bible20 ထို မြေ ကွက် နှင့် ၎င်း ဂူ ကို သင်္ချိုင်း ဖြစ် စေ ခြင်း ငှါ ဟေ သ အ မျိုး သား တို့ သည် အာ ဗြ ဟံ အား ထာ၀ ရ အ ပိုင် ပေး ကြ ကုန် ၏။ Ver CapítuloJudson Bible20 ထိုလယ်ပြင်နှင့် မြေတွင်းကို၊ အာဗြဟံပိုင်ထိုက်သော သင်္ချိုင်းဖြစ်စေခြင်းငှာ၊ ဟေသအမျိုးသားတို့သည် လုံခြုံစွာအပ်ပေးကြ၏။ Ver Capítulo |
‘အကျွန်ုပ်၏ဖခင်က “ငါသေတော့မည်။ ခါနာန်ပြည်၌ ငါ့အတွက် ငါတူးထားသော သင်္ချိုင်းတွင်းတွင် ငါ့ကိုသင်္ဂြိုဟ်ရမည်”ဟု အကျွန်ုပ်ကို ကျိန်ဆိုစေခဲ့ပါ၏။ ထို့အတွက်ကြောင့် အကျွန်ုပ်သွား၍ ဖခင်ကိုသင်္ဂြိုဟ်ပါရစေ။ ပြီးလျှင် အကျွန်ုပ်ပြန်လာပါမည်’ဟူ၍ လျှောက်ကြပါလော့”ဟု မိန့်ဆိုလေ၏။