ကမ္ဘာဦး 22:4 - မြန်မာ့စံမီသမ္မာကျမ်း4 သုံးရက်မြောက်သောနေ့၌ အာဗြဟံသည် မျှော်ကြည့်ရာ ထိုအရပ်ကို အဝေးမှမြင်လေ၏။ Ver CapítuloCommon Language Bible4 တတိယနေ့သို့ရောက်သော်အာဗြဟံသည် ထိုအရပ်ကိုအဝေးမှမြင်ရ၏။- Ver CapítuloGarrad Bible4 သုံး ရက် မြောက် သော နေ့ တွင် အာ ဗြ ဟံ မျှော် ကြည့်၍ ထို အ ရပ် ကို အ ဝေး မှ မြင် လျှင်၊ Ver CapítuloJudson Bible4 သုံးရက်မြောက်သောနေ့၌ မျှော်ကြည့်၍၊ ထိုအရပ်ကိုအဝေးကမြင်လျှင်၊ Ver Capítulo |
“ငါ့လူမျိုးတော်ကို အုပ်ချုပ်သောဟေဇကိမင်းကြီးထံသို့ ပြန်သွားပြီးလျှင် သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင့်ဆုတောင်းသံကို ငါကြားပြီ။ သင့်မျက်ရည်ကို ငါမြင်ပြီ။ သင့်ကို ငါပြန်လည်ကျန်းမာလာစေမည်။ သုံးရက်မြောက်လျှင် သင်သည် ထာဝရဘုရား၏အိမ်တော်သို့ တက်သွားနိုင်လိမ့်မည်။
ထိုအခါ သူတို့က “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်သည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရန် အကျွန်ုပ်တို့ကို သုံးရက်ခရီးအကွာအဝေးရှိသောတောကန္တာရသို့ သွားခွင့်ပြုပါ။ သို့မဟုတ်လျှင် ကိုယ်တော်သည် အကျွန်ုပ်တို့ကို ကပ်ရောဂါဘေး၊ သို့မဟုတ် ဓားဘေးဖြင့် ဒဏ်ခတ်တော်မူလိမ့်မည်”ဟု ပြန်လျှောက်ကြ၏။