ကမ္ဘာဦး 21:23 - မြန်မာ့စံမီသမ္မာကျမ်း23 သို့ဖြစ်၍ သင်သည် ငါမှစ၍ ငါ့သား၊ ငါ့သားမြေးအစဉ်အဆက်တို့ကိုမလှည့်စား၊ သင့်အား ငါမေတ္တာထားသကဲ့သို့ သင်သည်လည်း ငါ့အားလည်းကောင်း၊ သင်တည်းခိုနေထိုင်သောပြည်အားလည်းကောင်း မေတ္တာထားမည်ဟု ယခု ဤနေရာတွင် ဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုပါလော့”ဟု မိန့်ဆို၏။ Ver CapítuloCommon Language Bible23 သို့ဖြစ်၍သင်သည်ငါ့ကိုသော်လည်းကောင်း၊ ငါ ၏သားသမီးနှင့်အဆက်အနွယ်များကိုသော် လည်းကောင်းမလှည့်စားပါဟူ၍ဘုရားသခင် ၏ရှေ့တော်၌ကတိသစ္စာဆိုပါလော့။ ငါသည် သင့်အားသစ္စာစောင့်သည့်နည်းတူ ငါ့ကိုသော် လည်းကောင်း၊ သင်မှီတင်းနေထိုင်ရာဤပြည် ကိုသော်လည်းကောင်းသစ္စာစောင့်ပါမည်ဟူ၍ ကတိပြုလော့'' ဟုအာဗြဟံအားဆိုလေ၏။ Ver CapítuloGarrad Bible23 သင် သည် ငါ မှ စ သော ငါ့ သား မြေး တို့ ကို မ လှည့် စား ဘဲ သင့် ကို ငါ ကျေး ဇူး ပြု သ ကဲ့ သို့ ငါ့ ကို လည်း ကောင်း၊ သင် တည်း ခို ရာ ပြည် ကို လည်း ကောင်း၊ ကျေး ဇူး ပြု မည့် အ ကြောင်း ဘု ရား သ ခင် ကို တိုင် တည်၍ ဤ တွင် သစ္စာ ထား လော့ ဟု အာ ဗြ ဟံ အား မိန့် ဆို ရာ၊ Ver CapítuloJudson Bible23 သို့ဖြစ်၍ သင်သည်ငါ့ကိုလည်းကောင်း၊ ငါ့သားကိုလည်းကောင်း၊ ငါ့မြေးကိုလည်းကောင်း၊ မလှည့်စား။ ငါသည်သင်၌ကျေးဇူးပြုသကဲ့သို့ ငါ၌လည်းကောင်း၊ သင်တည်းနေရာ ငါ့ပြည်၌လည်းကောင်း၊ ကျေးဇူးပြုမည်ဟု ဘုရားသခင်ကိုတိုင်တည်၍ ငါ့အားကျိန်ဆိုပါလော့ဟု ပြောဆို၏။ Ver Capítulo |
ထို့နောက် ယောနသန်က ဒါဝိဒ်အား “အေးအေးဆေးဆေးသွားပါတော့။ ‘ထာဝရဘုရားသည် ငါနှင့်သင့်ကြား၊ ငါ့သားစဉ်မြေးဆက်နှင့် သင့်သားစဉ်မြေးဆက်တို့ကြားတွင် သက်သေအစဉ်ဖြစ်ပါစေ’ဟူ၍ ထိုထာဝရဘုရား၏နာမတော်၌ ငါတို့နှစ်ယောက် ကျိန်ဆိုထားပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်ထွက်သွား၍ ယောနသန်လည်း မြို့ထဲသို့ ပြန်သွားလေ၏။