ကမ္ဘာဦး 17:13 - မြန်မာ့စံမီသမ္မာကျမ်း13 သင်၏အိမ်၌မွေးဖွားသောသူဖြစ်စေ၊ သင်၏ငွေဖြင့်ဝယ်ထားသောသူဖြစ်စေ အရေဖျားလှီးခြင်းကို မုချခံရမည်။ ဤသို့အားဖြင့် ငါ၏ပဋိညာဉ်သည် ထာဝရပဋိညာဉ်အဖြစ် သင်တို့၏အသားတွင်တည်လိမ့်မည်။ Ver CapítuloCommon Language Bible13 ယောကျာ်းတိုင်းအရေဖျားလှီးခြင်းမင်္ဂလာခံ ရမည်။ ထိုသို့ပြုလုပ်ခြင်းသည် သင်နှင့်ငါပြု သောပဋိညာဉ်ထာဝစဉ်တည်ကြောင်း ကိုယ် ကာယ၌ထင်ရှားသည့်လက္ခဏာအမှတ် အသားဖြစ်လိမ့်မည်။- Ver CapítuloGarrad Bible13 ထို မင်္ဂ လာ ကို အိမ် ပေါက် သား၊ ငွေ၀ယ် သား တို့ ခံ ကြ ရ မည်။ သင် တို့ အ သား ၌ တည် သော ငါ့ ပ ဋိ ညာဉ် သည် ထာ၀ ရ ပ ဋိ ညာဉ် ဖြစ် လိမ့် မည်။ Ver CapítuloJudson Bible13 ကိုယ်အိမ်၌ဖွားသောသူ၊ ကိုယ်ငွေနှင့်ဝယ်သောသူသည်၊ အရေဖျားလှီးမင်္ဂလာကိုခံရမည်။ ငါ့ပဋိညာဉ်လည်း သင်တို့၏အသား၌ ထာဝရပဋိညာဉ်ဖြစ်လိမ့်မည်။ Ver Capítulo |
စင်စစ် ငါတို့နှင့် ငါတို့ညီအစ်ကိုတို့သည် တစ်သွေးတစ်သားတည်းဖြစ်၏။ ငါတို့သားသမီးသည် သူတို့သားသမီး ဖြစ်၏။ သို့ရာတွင် ကိုယ့်သားသမီးများကို အတင်းအကျပ်ကျွန်ခံစေရတော့မည်။ ငါတို့သမီးအချို့ပင် ကျွန်ခံနေရပြီ။ ငါတို့လယ်မြေနှင့်စပျစ်ခြံများ အခြားသူလက်သို့ ရောက်သွားပြီဖြစ်၍ ယခုမူ ငါတို့ မည်သို့မျှမတတ်နိုင်”ဟု ဆိုကြ၏။
သူတို့အား “လူမျိုးခြားတို့ထံ အရောင်းစားခံလိုက်ရသော ငါတို့အမျိုးသားချင်းဂျူးလူမျိုးတို့ကို ငါတို့ မဖြစ်မနေပြန်ဝယ်ယူခဲ့ပြီးမှ သင်တို့သည် ကိုယ့်အမျိုးသားချင်းကို ပြန်ရောင်းစားပါပြီတကား။ ငါတို့ထံ ပြန်ရောင်းစားကြပါပြီတကား”ဟု ဆိုသောအခါ သူတို့သည် ဘာမျှပြန်မပြောဘဲ ဆိတ်ဆိတ်နေကြ၏။