ကမ္ဘာဦး 15:7 - မြန်မာ့စံမီသမ္မာကျမ်း7 တစ်ဖန် ကိုယ်တော်က “ငါသည် သင့်အား ဤပြည်ကိုပေး၍ပိုင်ဆိုင်စေရန် ခါလဒဲလူမျိုးတို့ပိုင်သောဥရမြို့မှ သင့်ကိုထုတ်ဆောင်ခဲ့သောထာဝရဘုရားဖြစ်၏”ဟု အာဗြံအား မိန့်တော်မူ၏။ Ver CapítuloCommon Language Bible7 ထိုနောက်ဘုရားသခင်က``ငါသည်သင့်အား ဤ ပြည်ကိုအပိုင်စားပေးရန်သင့်ကိုဗာဗုလုန် ပြည်၊ ဥရမြို့မှခေါ်ဆောင်ခဲ့သောထာဝရ ဘုရားဖြစ်သည်'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible7 တစ် ဖန်၊ ငါ ကား ဤ ပြည် ကို သင့် အား အ ပိုင် ပေး အံ့ သော ငှါ ခါ လ ဒဲ ပြည်၊ ဥ ရ မြို့ မှ ထုတ် ဆောင် ခဲ့ သော ထာ၀ ရ ဘု ရား ဖြစ် သည် ဟု မိန့် တော် မူ လျှင်၊ Ver CapítuloJudson Bible7 တစ်ဖန်၊ ငါသည် ဤပြည်ကိုသင်အမွေခံစရာဖို့၊ သင်အားပေးလိုသောငှာ၊ ခါလဒဲပြည်သားတို့နေသောဥရမြို့မှ သင့်ကိုထုတ်ဆောင်သော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူလျှင်၊ Ver Capítulo |
ကိုယ်တော်က ကိုယ်တော်၏ကျွန် အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့အား ‘ငါသည် သင်တို့၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ များပြားစေလျက် သင်တို့၏သားစဉ်မြေးဆက်အား ငါပေးမည်ဟု ကတိပြုခဲ့သော ဤမြေရှိသမျှကို သူတို့သည် ထာဝရပိုင်ဆိုင်ရကြလိမ့်မည်’ဟူ၍ ကိုယ့်ကိုယ်ကိုယ်တိုင်တည်ကျိန်ဆိုတော်မူခဲ့သည်ကို အောက်မေ့တော်မူပါ”ဟု အသနားခံလေ၏။
သင်၏ဖြောင့်မတ်ခြင်းနှင့် သင်၏စိတ်သဘောဖြောင့်မှန်ခြင်းတို့ကြောင့် သင်သည် သူတို့၏ပြည်ကို ဝင်ရောက်ပိုင်ဆိုင်ရခြင်း မဟုတ်။ သင်၏ဘုရားသခင်ထာဝရဘုရားသည် ဤလူမျိုးတို့၏ဆိုးယုတ်မှုကြောင့်လည်းကောင်း၊ သင့်ဘိုးဘေး အာဗြဟံ၊ ဣဇက်၊ ယာကုပ် တို့အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်စကားတော်ကို တည်စေရန်အတွက်လည်းကောင်း သူတို့ကို သင့်ရှေ့မှောက်မှ နှင်ထုတ်တော်မူခြင်းဖြစ်၏။