ကမ္ဘာဦး 15:15 - မြန်မာ့စံမီသမ္မာကျမ်း15 သင်မူကား သင်၏ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရမည်။ အိုမင်းရင့်ရော်ပြီးမှ သေဆုံး၍သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။ Ver CapítuloCommon Language Bible15 သင်သည်သင်၏ဘိုးဘေးတို့ထံငြိမ်ဝပ်စွာသွား ရမည်ဖြစ်၍၊ အသက်အရွယ်ကြီးရင့်သောအခါ သင်္ဂြိုဟ်ခြင်းကိုခံရမည်။- Ver CapítuloGarrad Bible15 သင် မူ ကား အ သက် ကြီး ရင့် မှ ဘိုး ဘေး တို့ ထံ သို့ ငြိမ် သက် စွာ လား၍ သင်္ဂြိုဟ် ခြင်း ကို ခံ ရ လိမ့် မည်။ Ver CapítuloJudson Bible15 သင်သည်ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရလိမ့်မည်။ အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။ Ver Capítulo |
ထို့ကြောင့် သင့်ဘိုးဘေးများရှိရာသို့ သင့်ကို ငါစုစည်းမည်။ သင်သည် သင့်သင်္ချိုင်းတွင် ငြိမ်ဝပ်စွာစုစည်းခံရလိမ့်မည်။ ဤမြို့နှင့် မြို့သားတို့အပေါ် ငါကျရောက်စေမည့်ဘေးအန္တရာယ်အပေါင်းတို့ကို သင်မြင်ရမည်မဟုတ်’ဟူ၍ ထာဝရဘုရားမိန့်တော်မူကြောင်းပြောကြားလော့”ဟု ဆို၏။ သူတို့သည်လည်း ပြန်သွား၍ ဤစကားတို့ကို ရှင်ဘုရင်ထံ လျှောက်တင်ကြ၏။
လူသည် သားတစ်ရာမွေးဖွား၍ နှစ်ပေါင်းများစွာအသက်ရှင်ရလျက် သူ့အသက်တာ၏နေ့ရက်သည် များပြားလျှင်လည်း သူ၏စိတ်ဝိညာဉ်သည် ကောင်းကျိုးချမ်းသာကြောင့် အလိုပြည့်စုံသည်ဟူ၍မရှိသကဲ့သို့ သူ့ကို သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းလည်းမရှိလျှင် အသေမွေးသောကလေးသည် ထိုသူထက်ပို၍ကောင်းသည်ဟု ငါဆို၏။
ထာဝရဘုရားက မောရှေအား “ကြည့်ရှုလော့။ သင်၏ဘိုးဘေးတို့နှင့်အတူ သင်အိပ်ပျော်ပြီးနောက်တွင် ဤလူမျိုးတို့သည် သူတို့ဝင်ရောက်မည့်ပြည်ရှိတိုင်းတစ်ပါးသားတို့၏ဘုရားများနှင့် ထ၍ဖောက်ပြန်မှားယွင်းကြမည်။ ငါကိုစွန့်ပယ်ကြမည်။ သူတို့နှင့်ငါဖွဲ့ခဲ့သော ပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။