ကမ္ဘာဦး 13:13 - မြန်မာ့စံမီသမ္မာကျမ်း13 သောဒုံမြို့သားတို့သည် ထာဝရဘုရားရှေ့တော်၌ အလွန်ဆိုးညစ်၍ အပြစ်များသောသူများဖြစ်ကြ၏။ Ver CapítuloCommon Language Bible13 သောဒုံမြို့သားတို့သည်ဆိုးသွမ်း၍ ထာဝရဘုရားရှေ့တော်၌အပြစ်များသောသူများဖြစ်ကြ၏။ Ver CapítuloGarrad Bible13 သော ဒုံ မြို့ သား တို့ သည် ထာ၀ ရ ဘု ရား မျက် မှောက် တော်၌ အ လွန် ဆိုး သွမ်း သူ၊ အ ပြစ် များ သူ တို့ ဖြစ် ကြ သ တည်း။ Ver CapítuloJudson Bible13 သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊ အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။ Ver Capítulo |
ဤအိမ်၌ အကျွန်ုပ်ထက်ကြီးမြတ်သောသူမရှိပါ။ သခင်မသည် အကျွန်ုပ်သခင်၏မယားဖြစ်သောကြောင့် အကျွန်ုပ်၏သခင်သည် သခင်မမှတစ်ပါး မည်သည့်အရာကိုမျှအကျွန်ုပ်အား မဟန့်တားပါ။ သို့ဖြစ်၍ အကျွန်ုပ်သည် ဤမျှလောက်ကြီးမားသောမကောင်းမှုကိုပြု၍ ဘုရားသခင်ကို ပြစ်မှားရပါမည်လော”ဟု ဆိုလေ၏။
ဂျေရုဆလင်ပရောဖက်တို့တွင်လည်း ကြောက်မက်ဖွယ်ရာကို ငါတွေ့ပြီ။ သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်၍ မုသားလမ်းကို လိုက်လျှောက်ကြ၏။ ဆိုးညစ်သူတို့ကို အားပေးသောကြောင့် မည်သူမျှ မိမိမကောင်းမှုမှ နောင်တမရကြ။ ပရောဖက်အားလုံးသည် ငါ့ရှေ့၌ သောဒုံမြို့သားကဲ့သို့ ဖြစ်ကြ၏။ ဂျေရုဆလင်မြို့သားတို့သည်လည်း ဂေါမောရမြို့သားကဲ့သို့ ဖြစ်ကြ၏။
အထူးသဖြင့် ညစ်ညူးသောတပ်မက်မှုအားဖြင့် သွေးသားဇာတိနောက်သို့လိုက်၍ အုပ်စိုးခြင်းကိုမထီမဲ့မြင်ပြုသောသူတို့ကို ထိုသို့ထိန်းသိမ်းထားတော်မူလိမ့်မည်။ ဤသူတို့သည် အတင့်ရဲသောသူ၊ ထင်ရာစိုင်းတတ်သောသူဖြစ်ကြ၍ ကြောက်ရွံ့ခြင်းမရှိဘဲ ဘုန်းအသရေရှိသောသူတို့ကို စော်ကားပြောဆိုတတ်ကြ၏။