ကမ္ဘာဦး 12:16 - မြန်မာ့စံမီသမ္မာကျမ်း16 ဖာရောမင်းကြီးသည် စာရဲကြောင့် အာဗြံကိုကောင်းစားစေသဖြင့် အာဗြံသည် သိုးအုပ်၊ နွားအုပ်၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်တို့ကိုပိုင်ဆိုင်လာလေ၏။ Ver CapítuloCommon Language Bible16 သူ့အတွက်ကြောင့်ဘုရင်သည်အာဗြံအား ကောင်းစွာပြုစု၍သိုး၊ နွား၊ ဆိတ်၊ မြည်း၊ ကျေး ကျွန်နှင့်ကုလားအုတ်များကိုဆုချပေး သနားတော်မူ၏။ Ver CapítuloGarrad Bible16 ဖာ ရော မင်း သည် ထို မိန်း မ ကို ထောက်၍ အာ ဗြံ အား ကျေး ဇူး ပြု သ ဖြင့် သူ သည် သိုး၊ ဆိတ်၊ နွား၊ မြည်း ထီး၊ မြည်း မ၊ ကျွန် ယောက်ျား၊ ကျွန် မိန်း မ၊ ကု လား အုပ် များ ကို ရ ရှိ ၏။ Ver CapítuloJudson Bible16 ဖာရောဘုရင်သည် ထိုမိန်းမအတွက် အာဗြံ၌ကျေးဇူးပြုသဖြင့်၊ သူသည် သိုး၊ နွား၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်များနှင့်ကြွယ်ဝ၏။ Ver Capítulo |