ကမ္ဘာဦး 1:1 - မြန်မာ့စံမီသမ္မာကျမ်း1 အစအဦး၌ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။ Ver CapítuloCommon Language Bible1 ဘုရားသခင်သည်စကြဝဠာကိုဖန်ဆင်း တော်မူသောအခါ၊- Ver CapítuloGarrad Bible1 အ စ အ ဦး ၌ ဘု ရား သ ခင် သည် မိုး မြေ ကို ဖန် ဆင်း တော် မူ ၏။ Ver CapítuloJudson Bible1 အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူ၏။ Ver Capítulo |
ကိုယ်တော်တစ်ပါးတည်းသာလျှင် ထာဝရဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည် မိုးကောင်းကင်၊ အမြင့်ဆုံးသောကောင်းကင်နှင့်ကောင်းကင်တန်ဆာအားလုံး၊ မြေကြီးနှင့်မြေကြီးတန်ဆာအားလုံး၊ ပင်လယ်နှင့်ပင်လယ်တန်ဆာအားလုံးကို ဖန်ဆင်းတော်မူ၍ ထိုအရာအားလုံးကိုလည်း အသက်ရှင်စေတော်မူ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကိုရှိခိုးကိုးကွယ်ကြပါ၏။
မိုးကောင်းကင်ကိုဖန်ဆင်း၍ ဖြန့်ကြက်တော်မူသောအရှင်၊ မြေကြီးနှင့်မြေကြီးမှဖြစ်လာသောအရာတို့ကို ခင်းကျင်းတော်မူသောအရှင်၊ မြေကြီးပေါ်ရှိလူတို့အား ဇီဝအသက်ကိုလည်းကောင်း၊ မြေကြီးပေါ်တွင် အသက်ရှင်သွားလာသောသူတို့အား ဝိညာဉ်ကိုလည်းကောင်း ပေးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။
မိုးကောင်းကင်ကိုဖြန့်ကြက်တော်မူသော၊ မြေကြီးကိုအုတ်မြစ်ချတော်မူသော၊ သင့်ကိုဖန်ဆင်းတော်မူသောထာဝရဘုရားကို သင်မေ့လျော့၏။ သင့်ကိုဖျက်ဆီးရန် အသင့်ရှိနေသည့် နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကြောင့် သင်သည် နေ့စဉ်မပြတ်ကြောက်ရွံ့နေ၏။ နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကား အဘယ်မှာနည်း။
“မိတ်ဆွေတို့၊ အဘယ်ကြောင့် ဤအရာတို့ကို ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့နည်းတူ သာမန်လူသားများဖြစ်ကြပြီး သင်တို့သည် ဤအချည်းနှီးသောအရာများကိုစွန့်ခွာ၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော အသက်ရှင်သည့်ဘုရားသခင်ထံသို့ ပြောင်းလဲကြရန် သင်တို့အား ကောင်းမြတ်သောသတင်းကိုဟောပြောနေသူများဖြစ်ကြ၏။
ငါတို့အတွက်မူကား ခမည်းတော်တည်းဟူသော ဘုရားသခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှဖြစ်လာပြီး ငါတို့သည် ကိုယ်တော်၌တည်ကြ၏။ ထို့ပြင် ငါတို့အတွက် ယေရှုခရစ်တော်တည်းဟူသော သခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ထိုသခင်အားဖြင့်ဖြစ်လာပြီး ငါတို့သည် ထိုသခင်၌တည်ကြ၏။