ရှောလမုန်သီချင်း။ 6:9 - Common Language Bible9 လကဲ့သို့ တင့်တယ်လျက်၊ နေကဲ့သို့ ထွန်းလင်း လျက်၊ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်ဖြစ်လျက်၊ နံနက်ကဲ့သို့ မျှော်ရှုသော သတို့သမီးကား၊ အဘယ်သူ နည်း။ Ver CapítuloGarrad Bible9 ငါ့ ချိုး ငှက်၊ ငါ့ စင် ကြယ် သူ ကား တစ် ပါး တည်း ရှိ၏။ ဖွား မြင် သူ မိ ခင်၌ အ မြတ် ဆုံး သော သ မီး ဖြစ် သ ဖြင့်၊ မြင် ရုံ မျှ ပင် လူ့ သ မီး တို့ ဩ ဘာ ပေး လျက်၊ မိ ဖု ရား များ နှင့် မောင်း မ ငယ် တို့ လည်း ချီး မွမ်း ကြ၏။ Ver CapítuloJudson Bible9 ငါ့ချိုး၊ ငါ၏စုံလင်သူသည် ငါ၌တစ်ပါးတည်းရှိ၏။ ဖွားမြင်သောမိခင်၌ အချစ်ဆုံးသောသမီးဖြစ်၏။ လူမျိုးသမီးတို့သည် သူ့ကိုမြင်၍ ကောင်းချီးပေးကြ၏။ မိဖုရားများနှင့် မောင်းမမိဿံများတို့သည် ချီးမွမ်းကြ၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း9 ငါ့ချိုးငှက်၊ ပြစ်မျိုးမှဲ့မထင်သူ တစ်ဦးတည်းသာရှိပါ၏။ သူ့မိခင်အဖို့ သူသည် တစ်ဦးတည်းသောသမီး၊ သူ့ကိုမွေးသောမိခင်အဖို့ သူသည် အနှစ်သက်ဆုံးသောသမီးဖြစ်၏။ မိန်းမပျိုတို့သည် သူ့ကိုမြင်လျှင် မင်္ဂလာရှိသောသူ ဟုခေါ်ကြ၏။ မိဖုရားများ၊ မောင်းမများလည်း သူ့ကိုချီးမွမ်းကြ၏။ Ver Capítulo |
ဣသရေလအမျိုးသားတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားသင်တို့ကိုကယ်တင်သောကြောင့် သင်တို့သည်ထူးခြားသည့်လူမျိုးဖြစ်သည်။ သင်တို့ကိုကာကွယ်ရန်နှင့်ရန်သူကိုအောင် မြင်ရန် ထာဝရဘုရားကိုယ်တော်တိုင် သင်တို့၏ဒိုင်းလွှားသင်တို့၏ဋ္ဌားဖြစ်တော် မူ၏။ သင်တို့၏ရန်သူတို့သည်အသနားခံရန် သင်တို့ထံသို့လာကြလိမ့်မည်။ ထိုအခါသင်တို့သည်သူတို့ကိုနင်းချေ ကြလိမ့်မည်။