ရှောလမုန်သီချင်း။ 5:9 - Common Language Bible9 ငါချစ်ရာသခင်သည် ဖြူသောအအဆင်း၊ နီသော အဆင်းနှင့် ပြည့်စုံ၍၊ လူတသောင်းတို့တွင် အထွဋ် အမြတ်ဖြစ်တော်မူ၏။ Ver CapítuloGarrad Bible9 မိန်း မ တ ကာ တို့ ထက် အ ဆင်း လှ သော အစ် မ၊ သင့် ချစ် သူ သည် အ ခြား ချစ် သူ တို့ နှင့် မည် သို့ ခြား နား သ နည်း။ ကျွန် မ တို့ ကို ထို သို့ တောင်း ပန် လောက် အောင်၊ သင့် ချစ် သူ သည် အ ခြား ချစ် သူ တို့ နှင့် မည် သို့ ခြား နား သ နည်း။ Ver CapítuloJudson Bible9 မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်ချစ်ရာသခင်သည် အခြားတစ်ပါးသော ချစ်ရာသခင်ထက် အဘယ်သို့ သာသနည်း။ အကျွန်ုပ်တို့ကို ထိုသို့မှာထားတောင်းပန်ရမည်အကြောင်း၊ သင်ချစ်ရာသခင်သည် အခြားတစ်ပါးသော ချစ်ရာသခင်ထက် အဘယ်သို့သာသနည်း။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း9 “မိန်းမတကာတို့ထက် အဆင်းလှသောမိန်းကလေး၊ သင့်ချစ်သူသည် အခြားသူတို့၏ချစ်သူထက် မည်မျှသာသနည်း။ သင်သည် အကျွန်ုပ်တို့ကို ကျိန်ဆိုစေရလောက်အောင် သင့်ချစ်သူသည် အခြားသူတို့၏ချစ်သူထက် မည်မျှသာသနည်း။” Ver Capítulo |
ထာဝရဘုရားသည်မိမိ၏အစေခံအား သွေ့ခြောက်သည့်မြေတွင်အမြစ်စွဲသည့် အပင်ငယ်ကဲ့သို့ရှင်သန်စေရန်အလိုတော် ရှိပါ၏။ ထိုသူ၌ပမာဏပြုလောက်သည့်ဂုဏ်အသရေနှင့် အဆင်းသဏ္ဌာန်လည်းမရှိ။ ချစ်ခင်နှစ်လိုဖွယ်ကောင်းသည့်ရုပ်ရည်လည်းမရှိ။ မိမိဘက်သို့ပါအောင်ဆွဲဆောင်နိုင်စွမ်းလည်းမရှိ။
နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။