ရှောလမုန်သီချင်း။ 5:14 - Common Language Bible14 ခြေထောက်တော်တို့သည် ရွှေစင်ဘိနပ်ပေါ်၌ တည်သော ကျောက်ဖြူတိုင်နှင့်တူကြ၏။ မျက်နှာတော် သည် လေဗနုန်တောင်ကဲ့သို့ဖြစ်၍၊ အာရဇ်ပင်ကဲ့သို့ ထူးမြတ်ပေ၏။ Ver CapítuloGarrad Bible14 လက် များ သည်၊ မျက် ရွဲ စီ သော လက် ဝတ် ကဲ့ သို့လည်း ကောင်း၊ ကိုယ် လည်း နီ လာ ဖြင့် စီ ချယ် သော ဆင် စွယ် ကဲ့ သို့လည်း ကောင်း ဖြစ်၏။ Ver CapítuloJudson Bible14 လက်တော်တို့သည် မျက်ရွဲစီသော လက်စွပ်ကဲ့သို့လည်းကောင်း၊ ကိုယ်တော်သည် နီလာကျောက်ဖြင့် စီချယ်သော ဆင်စွယ်ဖြူကဲ့သို့လည်းကောင်းဖြစ်၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း14 သူ၏လက်များသည်လည်း ကျောက်မျက်ရွဲစီခြယ်ထားသော ရွှေလက်စွပ်နှင့်တူ၏။ ဝမ်းဗိုက်သည်လည်း နီလာကျောက်စီခြယ်ထားသော ပြောင်လက်သည့်ဆင်စွယ်နှင့်တူ၏။ Ver Capítulo |
သူ၏ရာဇအာဏာသည်ဆက်လက်တိုး တက်လျက် သူ၏နိုင်ငံတော်သည်လည်း၊အစဉ်အမြဲ ငြိမ်းချမ်းသာယာလိမ့်မည်။ သူသည်ဒါဝိဒ်မင်း၏အရိုက်အရာကို ဆက်ခံကာ ယခုမှစ၍ကပ်ကာလကုန်ဆုံးချိန်တိုင်အောင် တရားတော်နှင့်အညီမျှတစွာအုပ်စိုးလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အမှုအရာအလုံးစုံတို့အားဖြစ်ပျက်စေ ရန်သန္နိဋ္ဌာန်ချမှတ်တော်မူပြီးဖြစ်သတည်း။
သူ၏ခန္ဓာကိုယ်သည်ကျောက်မျက်ရတနာ ကဲ့သို့တောက်ပ၏။ သူ၏မျက်နှာသည်လျှပ် စစ်နွယ်ကဲ့သို့ပြောင်လက်လျက် သူ၏မျက်စိ များသည်မီးကဲ့သို့အလျှံထလျက်နေ၏။ သူ၏လက်ခြေတို့သည် တိုက်ချွတ်ထားသော ကြေးဝါကဲ့သို့တောက်ပ၍ သူ၏အသံ သည်လူပရိတ်သတ်ကြီး၏အော်ဟစ်သံ နှင့်တူ၏။