ရှောလမုန်သီချင်း။ 2:9 - Common Language Bible9 ငါချစ်ရာ သခင်သည် ခေါ်၍ပြောသည်ကား၊ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။ Ver CapítuloGarrad Bible9 ကျွန် မ ချစ် သူ သည်၊ ပျို ရွယ် သော သ မင် ဒ ရယ် နှင့် တူ၏။ ကြည့် လော့။ ထ ရံ ပြင် မှာ ရပ် လျက်၊ ပြူ တင်း ဝ က ကြည့် လျက်၊ အ ခန်း ဆီး ကြား မှာ ချောင်း လျက် နေ ၏။ Ver CapítuloJudson Bible9 ငါချစ်ရာ သခင်သည် သမင်ဒရယ်သငယ်နှင့် တူ၏။ ကြည့်ပါ။ အုတ်ရိုးပြင်မှာ ရပ်တော်မူ၏။ ပြတင်းပေါက်ဝတွင် ကြည့်လျက်၊ ပြတင်းရွက်ကြားမှာ ကိုယ်ကိုပြလျက်နေတော်မူ၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း9 အကျွန်ုပ်ချစ်သူသည် ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် ဖြစ်ပါ၏။ ကြည့်ပါ။ အကျွန်ုပ်တို့အိမ်နောက်နံရံတွင် ရပ်နေ၏။ ပြတင်းပေါက်များမှ ကြည့်နေ၏။ ရာဇမတ်ကွက်များကြားမှ စိုက်ကြည့်နေ၏။ Ver Capítulo |
ယခုအခါငါတို့သည်ကြေးမုံတွင်ပေါ်လာ သည့်ပုံသဏ္ဌာန်ကိုမြင်ရသကဲ့သို့မထင်မရှား တွေ့မြင်ရကြ၏။ ထိုအခါ၌မူကားမျက်ဝါး ထင်ထင်တွေ့မြင်ရလတ္တံ့။ ယခုအခါငါသည် စုံလင်စွာမသိမမြင်ရ။ ထိုအခါ၌ကား ဘုရားသခင်သည်ငါ့ကိုစုံလင်စွာသိမြင် တော်မူသကဲ့သို့ငါသည်စုံလင်စွာသိ မြင်ရလိမ့်မည်။
ယုဒပညတ်တရားသည်စစ်မှန်သည့်အရာ များ၏ တိကျမှန်ကန်သောပုံတူမဟုတ်ပေ။ သက်ရောက်လတ္တံ့သောကောင်းကျိုးချမ်းသာများ ၏အရိပ်အရောင်မျှကိုသာဖော်ပြပေသည်။ ပညတ်တရားအရနှစ်စဉ်နှစ်တိုင်းယဇ်ကို ပူဇော်ကြရ၏။ သို့ဖြစ်၍ပညတ်တရားသည် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သူတို့အား အဘယ်သို့လျှင်ပြည့်ဝစုံလင်သူများဖြစ် လာစေနိုင်ပါမည်နည်း။-
ထိုအခါငါသည်သူ၏ခြေရင်းတွင်ပျပ်ဝပ် လျက်သူ့အားရှိခိုးမည်ပြု၏။ သို့ရာတွင်ကောင်း ကင်တမန်က``ဤသို့မပြုနှင့်။ ငါသည်သင်နှင့် သင်၏ညီအစ်ကိုများမှစ၍သခင်ယေရှု ဖော်ပြသည့်သမ္မာတရားကိုစောင့်ထိန်းရသူ တို့နှင့်လုပ်ဖော်ဆောင်ဘက်အစေခံတစ်ဦး သာလျှင်ဖြစ်၏။ ဘုရားသခင်ကိုသာရှိခိုး လော့'' ဟုဆို၏။ အဘယ်ကြောင့်ဆိုသော်သခင်ယေရှုဖော်ပြ တော်မူသောသမ္မာတရားသည်ပရောဖက်တို့ အားလှုံ့ဆော်သောကြောင့်တည်း။