ရှောလမုန်သီချင်း။ 1:8 - Common Language Bible8 ငါချစ်သောနှမ၊ သင့်ကိုဖာရောမင်းရထား၌ ကသော မြင်းနှင့် ငါပုံပြမည်။ Ver CapítuloGarrad Bible8 မိန်း မ တ ကာ တို့ ထက် အ ဆင်း လှ သော အ ရှင် မ၊ မ သိ လျှင်၊ သိုး များ ခြေ ရာ ကို ခံ၍၊ သိုး ထိန်း တို့ တဲ နား မှာ၊ အ ရှင် မ၏ သိုး ငယ် များ ကို ကျွေး မွေး ပါ လော့။ Ver CapítuloJudson Bible8 မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်သည်မသိလျှင်၊ သိုးများခြေရာသို့ လိုက်သွား၍၊ သိုးထိန်းတဲများအနားမှာ သင်၏သိုးသငယ်တို့ကို ကျွေးမွေးပါလော့။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း8 “မိန်းမတကာတို့ထက် အဆင်းလှသောမိန်းမ၊ သင်မသိလျှင် သိုးတို့နောက်သို့ ခြေရာခံလိုက်ပါ။ သိုးထိန်းတို့၏တဲနားတွင် သင့်ဆိတ်သငယ်တို့ကို ထိန်းကျောင်းပါ။ Ver Capítulo |
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား``လမ်းဆုံလမ်းခွတို့တွင်ရပ်၍ကြည့် ကြလော့။ ရှေးလမ်းဟောင်းတို့ကိုစုံစမ်း ရှာဖွေကြလော့။ အကောင်းဆုံးသောလမ်း အဘယ်မှာနည်းဟုမေးမြန်း၍ ထိုလမ်းသို့ လိုက်လျှင်သင်တို့၏ဝိညာဉ်သည်ငြိမ်းချမ်း သာယာမှုရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။ သို့ရာတွင်သူတို့က``ထိုလမ်းကို အကျွန်ုပ် တို့မလိုက်လိုပါ'' ဟုပြန်ပြောကြ၏။
တပည့်တော်တို့စားကြပြီးနောက်သခင် ယေရှုက ``ယောဟန်၏သားရှိမုန်၊ သူတို့ ငါ့ကိုချစ်သည်ထက်ပို၍ချစ်သလော'' ဟုရှိမုန်ပေတရုအားမေးတော်မူ၏။ ရှိမုန်က ``မှန်ပါ၏သခင်၊ ကိုယ်တော်အား အကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိပါ၏'' ဟု လျှောက်၏။ ကိုယ်တော်က ``ငါ့သိုးတို့ကိုထိန်းလော့'' ဟု မိန့်တော်မူ၏။-