မြည်တမ်းစကား 4:17 - Common Language Bible17 ငါတို့သည်အဘယ်အခါ၌မျှမပေါ်လာသည့် အကူအညီကိုစောင့်မျှော်နေခဲ့ကြ၏။ ငါတို့သည်အဘယ်သို့မျှအကူအညီမပေး နိုင်သည့် နိုင်ငံမှအကူအညီကို ဆက်လက်စောင့်မျှော်ခဲ့ကြ၏။ Ver CapítuloGarrad Bible17 ငါ တို့ သည်၊ အ ချည်း နှီး သော စစ် ကူ ခြင်း ကို မျှော် လျက်၊ မျက် စိ အား ကုန် ၏။ ဘေး မ လွတ် စေ နိုင် သော လူ မျိုး ခြား ကို၊ စောင့် စား မျှော် စော ကြ လေ ပြီ။ Ver CapítuloJudson Bible17 ငါတို့သည်ရှိစဉ်တွင် မစမည့်သူကို မျှော်လင့်၍ မမြင်ရကြ။ မကယ်တင်နိုင်သောလူမျိုးကို ကင်းစင်ပေါ်မှာ အကျိုးမရှိဘဲ စောင့်ကြပြီ။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း17 ငါတို့သည် ကူညီမစခြင်းကို အချည်းနှီးစောင့်မျှော်လျက် ငါတို့မျက်စိသည် အားအင်ကုန်ခန်းလေပြီ။ မကယ်တင်နိုင်သောလူမျိုးခြားကို စောင့်မျှော်နေမိပြီ။ Ver Capítulo |
အထီးကျန်ယိုယွင်းပျက်စီးလျက်ရှိသော ယေရုရှလင်မြို့သည်ရှေးခေတ်ဟောင်းကမိမိ ကြီးကျယ်ခမ်းနားမှုကိုပြန်လည်သတိရမိ၏။ ရန်သူ့လက်သို့ရောက်ချိန်၌သူ့အားကယ်မည့်သူ တစ်ဦးတစ်ယောက်မျှမရှိ။ သူ့အားနှိမ်နင်းအောင်မြင်သူတို့သည် သူ၏ပြိုလဲမှုကိုပြက်ရယ်ပြုကြ၏။
ဣသရေလအမျိုးသားတို့သည်သူတို့ အား နောင်အဘယ်အခါ၌မျှမှီခိုအား ကိုးကြတော့မည်မဟုတ်။ ယင်းသို့အား ကိုးမိခဲ့သည့်အတွက်မိမိတို့အဘယ် မျှမှားကြောင်းကိုဣသရေလအမျိုး သားတို့အား အီဂျစ်ပြည်ကြုံတွေ့ရသည့် ကံကြမ္မာကပြန်လည်သတိရစေလိမ့် မည်။ ထိုအခါငါသည်အရှင်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိ ရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။