မြည်တမ်းစကား 3:5 - Common Language Bible5 ငါ့အားစိတ်ဆင်းရဲမှုပူဆွေးဒုက္ခရောက်မှုတို့ဖြင့် ချုပ်နှောင်ထားတော်မူပါ၏။ Ver CapítuloGarrad Bible5 နစ် နာ ခြင်း၊ ပင် ပန်း ခြင်း များ ဖြင့်။ ဝန်း ဝိုင်း ကာ ရံ ၍၊ Ver CapítuloJudson Bible5 ငါ့တစ်ဖက်၌ တပ်တည်၍ ခါးသောအရာ၊ ပင်ပန်းစရာအကြောင်းတို့နှင့် ပိုင်းတော်မူ၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း5 ငါ့ကို ဝန်းရံတိုက်ခိုက်တော်မူပြီ။ ခါးသီးမှု၊ ခက်ခဲမှုဖြင့် ဝိုင်းထားတော်မူပြီ။ Ver Capítulo |
သို့ဖြစ်၍အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည် ယေရုရှလင်မြို့မှပရောဖက်များနှင့် ပတ်သက်၍မိန့်တော်မူသည်မှာ``သူတို့အား ဒေါနပင်များကိုငါကျွေးမည်။ အဆိပ်ပါသောရေကိုလည်းသောက်စေမည်။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ပြည်တော် တစ်ဝှမ်းလုံးတွင်၊ ဘုရားမဲ့တရားမဲ့သောအမှုများကိုပျံ့နှံ့စေ ကြသောကြောင့်ဖြစ်၏'' ဟူ၍ဖြစ်ပါ၏။
ဘုရားသခင်၏လူမျိုးတော်က``ငါတို့သည် အဘယ်ကြောင့်မလှုပ်မယှက်ထိုင်နေကြပါ သနည်း။ လာကြ၊ ခံတပ်မြို့များသို့ပြေး၍ ငါတို့သေကြကုန်အံ့။ ငါတို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့အားသေဒဏ် စီရင်တော်မူပြီ။ ငါတို့သည်ကိုယ်တော်ကို ပြစ်မှားသည်ဖြစ်၍ ကိုယ်တော်သည်ငါတို့ သောက်ရန်အဆိပ်ပါသောရေကိုတိုက်တော် မူပြီ။-