မြည်တမ်းစကား 2:5 - Common Language Bible5 ထာဝရဘုရားသည်ရန်သူသဖွယ်ဣသရေလ လူမျိုးအားဖျက်ဆီးမူ၏။ သူတို့၏ခံတပ်များနှင့်နန်းတော် အဆောက်အအုံများကိုယိုယွင်းပျက်စီးလျက် ကျန်ရစ်စေတော်မူလေပြီ။ ကိုယ်တော်သည်ယုဒပြည်သူတို့အားဝမ်းနည်း ကြေကွဲ၍မဆုံးနိုင်အောင်ပြုတော်မူပြီ။ Ver CapítuloGarrad Bible5 အ ရှင် ဘု ရား သည်၊ ဣ သ ရေ လ လူ မျိုး ကို၊ ရန် သူ သ ဖွယ် ဖျက် ဆီး တော် မူ ရာ၊ ရှိ သ မျှ သော ဘုံ ဗိ မာန် များ ကို ဖျက် ဆီး ခြင်း၊ ခံ တပ် များ ကို ဖြို လှဲ ခြင်း ပြု သ ဖြင့်၊ သ တို့ သ မီး ယု ဒ၌ များ စွာ ညည်း ညူ ညည်း တွား စေ တော် မူ ၏။ Ver CapítuloJudson Bible5 ထာဝရဘုရားသည် ရန်ဘက်ပြု၍၊ ဣသရေလအမျိုးကိုလည်းကောင်း၊ ဘုံဗိမာန်အပေါင်းတို့ကိုလည်းကောင်း မျိုတော်မူပြီ။ ရဲတိုက်တို့ကို ဖြိုဖျက်တော်မူပြီ။ ယုဒသတို့သမီး ငိုကြွေးမြည်တမ်းသော အကြောင်းတို့ကို များပြားစေတော်မူပြီ။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း5 ဘုရားရှင်သည် ရန်သူကဲ့သို့ဖြစ်လေပြီ။ အစ္စရေးလူမျိုးတို့ကို ဝါးမျိုတော်မူပြီ။ နန်းတော်ရှိသမျှတို့ကိုလည်း ဝါးမျိုတော်မူပြီ။ ခံတပ်တို့ကိုလည်း ဖျက်ဆီးတော်မူပြီ။ ယုဒသမီးပျို၌ ဝမ်းနည်းခြင်း၊ မြည်တမ်းခြင်းကို တိုးပွားစေတော်မူပြီ။ Ver Capítulo |