တမန်တော်ဝတ္ထု 10:4 - Common Language Bible4 သူသည်ထိတ်လန့်လျက်ကောင်းကင်တမန်ကို စိုက်ကြည့်ပြီးလျှင် ``အရှင်၊ အဘယ်အမှု အခင်းရှိပါသနည်း'' ဟုမေးလျှောက်၏။ ကောင်းကင်တမန်ကလည်း ``သင်၏ဆုတောင်း ပတ္ထနာနှင့်စွန့်ကြဲပေးကမ်းမှုကို ဘုရားသခင် နှစ်သက်တော်မူသဖြင့်သင့်အားသိမှတ်တော် မူလေပြီ။- Ver CapítuloGarrad Bible4 ထို စေ တ မန် တော် ကို အ လန့် တ ကြား စိုက် ကြည့် လျက် မည် သို့ ပါ နည်း အ ရှင် ဘု ရား ဟု မေး လျှောက် သော် စေ တ မန် တော် က သင့် ပ ဌ နာ မှု များ၊ စွန့် ကြဲ ပေး ကမ်း မှု များ သည် ဘု ရား သ ခင် မှတ် သား ရန် ရှေ့ တော် သို့ တက် ရောက် လေ ပြီ။ Ver CapítuloJudson Bible4 ကောင်းကင်တမန်ကို စေ့စေ့ကြည့်လျှင် ထိတ်လန့်ခြင်းရှိသည် ဖြစ်၍၊ သခင်၊ အဘယ်အခင်းရှိပါသနည်းဟု မေးသော်၊ ကောင်းကင်တမန်က၊ သင်ပြုသောဆုတောင်းပတ္ထနာနှင့် စွန့်ကြဲပေးကမ်းခြင်းတို့သည် ဘုရားသခင့်ရှေ့တော်၌ အောက်မေ့စရာဖို့ တက်ကြပြီ။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း4 ထိုကောင်းကင်တမန်ကို စေ့စေ့ကြည့်ရင်း သူသည် ကြောက်လန့်၍ “သခင်ဘုရား၊ မည်သည့်အကြောင်းအရာရှိပါသနည်း”ဟု မေးလေ၏။ ကောင်းကင်တမန်ကလည်း “သင်၏ဆုတောင်းခြင်းနှင့်ပေးကမ်းစွန့်ကြဲခြင်းတို့သည် အမှတ်ရစရာအဖြစ် ဘုရားသခင်၏ရှေ့တော်သို့ရောက်လေပြီ။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း4 ကော်နေလိသည် ကြောက်ရွံ့သဖြင့် ကောင်းကင်တမန်အား သေချာစွာကြည့်လျက် “မိန့်တော်မူပါအရှင်” ဟု လျှောက်လေ၏။ ကောင်းကင်တမန်က “သင့်ဆုတောင်းသံနှင့် အလှူအတန်းတို့ကို ဘုရားသခင်အသိအမှတ်ပြုတော်မူပြီ။ Ver Capítulo |
ကိုယ်တော်စံတော်မူရာကောင်းကင်ဘုံမှနား ညောင်းတော်မူပြီးလျှင် ထိုသူတောင်းလျှောက် သည်အတိုင်းပြုတော်မူပါ။ သို့မှသာလျှင် ကမ္ဘာပေါ်ရှိလူအပေါင်းတို့သည်ကိုယ်တော် ၏လူမျိုးတော်နည်းတူ ကိုယ်တော်အားကြောက် ရွံ့ရိုသေကြပါလိမ့်မည်။ ထို့အပြင်ကိုယ်တော် အဖို့အကျွန်ုပ်တည်ဆောက်သည့်ဗိမာန်တော် သည်ကိုယ်တော်အားဝတ်ပြုကိုးကွယ်ရာ ဌာနတော်ဖြစ်ကြောင်းကိုသူတို့သိကြ ပါလိမ့်မည်။''
ငါသည်လျှို့ဝှက်၍မဟောပြော။ ငါ၏အကြံအစည်တော်ကိုလည်း ထိမ်ဝှက်၍မထား။ ငါသည်ဣသရေလအမျိုးသားတို့အားလူသူ ကင်းမဲ့သည့်အရပ်တွင်ငါ့ကိုရှာဖွေစေသည် မဟုတ်။ ငါသည်ထာဝရဘုရားဖြစ်၏။ သစ္စာစကားကိုဆို၍အမှန်တရားကို ဖော်ထုတ်တတ်၏'' ဟုမိန့်တော်မူသော အရှင်ပင်ဖြစ်သတည်း။
အာရုန်၏သားများဖြစ်သောယဇ်ပုရောဟိတ် တို့ထံသို့ယူဆောင်ခဲ့ရမည်။ တာဝန်ကျသော ယဇ်ပုရောဟိတ်သည် မုန့်ညက်တစ်လက်ဆုပ်၊ ဆီ နှင့်အမွှေးနံ့သာရှိသမျှကိုယူ၍ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ယင်းသို့ပူဇော် ခြင်းသည်ထာဝရဘုရားအား ဘောဇဉ်အကုန် အစင်ပူဇော်ရာရောက်၏။ ဤပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။-