ရှင်ယောဟန် 9:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း7 မျက်မမြင်ကိုလည်း “ရှိလောင်ရေကန်သို့ သွား၍ ဆေးကြောလော့” ဟု မိန့်တော်မူ၏။ ရှိလောင်၏ အဓိပ္ပာယ်မှာ “စေလွှတ်သည်” ဟု ဆိုလို၏။ ထိုသူသည် သွား၍ ဆေးကြောပြီးသောအခါ မျက်စိမြင်သဖြင့် အိမ်သို့ ပြန်လေ၏။ Ver CapítuloCommon Language Bible7 ``သွားလော့၊ ရှိလောင်ရေကန်တွင် ဆေးလော့'' ဟု မိန့်တော်မူ၏။ (ရှိလောင်၏အနက်ကား ``စေလွှတ် သည်'' ဟုဆိုလိုသတည်း။) ထိုသူသည်သွား၍ မျက်စိကိုဆေးပြီးနောက်မျက်စိမြင်လျက် ပြန်လာ၏။ Ver CapítuloGarrad Bible7 ထိုသူ၏ မျက်ကွင်းများကိုလိမ်းမံ၍ ရှိလောင်ရေကန်သို့ သွားရောက်ဆေးကြောလော့ ဟုမိန့်တော်မူသည့်အတိုင်း ထိုသူထွက်သွား၍ဆေးကြောပြီးမှ မြင်လျက်ပြန်လာ၏။ ရှိလောင်အနက်ကား စေလွှတ်သည်ဟုဆိုလိုသတည်း။ Ver CapítuloJudson Bible7 သင်သွားလော့။ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့ဟု မိန့်တော်မူ၏။ ရှိလောင်အနက်ကား စေလွှတ်သည်ဟု ဆိုလိုသတည်း။ ထိုသူသည် သွား၍ဆေးပြီးမှ၊ မျက်စိမြင်လျက်ပြန်လေ၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း7 “ရှိလောင်ရေကန်သို့သွား၍ ဆေးလော့”ဟု မိန့်တော်မူ၏။ (ရှိလောင်၏အဓိပ္ပာယ်မှာ စေလွှတ်ခြင်းခံရသူ ဟူ၍ဖြစ်၏။) ထို့ကြောင့် သူသည်သွား၍ဆေးလိုက်ရာ မျက်စိမြင်လျက်ပြန်လာ၏။ Ver Capítuloမြန်မာ7 သင်သွားလော့။ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့ဟု မိန့်တော်မူ၏။ ရှိလောင်အနက်ကား စေလွှတ်သည်ဟု ဆိုလိုသတည်း။ ထိုသူသည် သွား၍ဆေးပြီးမှ၊ မျက်စိမြင်လျက်ပြန်လေ၏။ Ver Capítulo |
သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။
လူ့ဗီဇစိတ်၏ အားနည်းမှုကြောင့် မောရှေ၏ ပညတ်တရားသည် ကျွန်ုပ်တို့ကို မကယ်နိုင်ပေ။ ထို့ကြောင့် ဘုရားသခင်သည် မိမိသားတော်ကို လူ့ဗီဇစိတ်ရှိသည့် လူ့ကိုယ်ခန္ဓာထဲသို့ စေလွှတ်တော်မူခြင်းအားဖြင့် ပညတ်တရားမတတ်နိုင်သောအမှုကို ဖြေရှင်းပေးတော်မူ၏။ ဘုရားသခင်သည် သားတော်ကို ယဇ်အဖြစ် ပူဇော်ခြင်းအားဖြင့် လူ့ဗီဇစိတ်အတွင်း သက်ဝင်လှုပ်ရှားနေသော အပြစ်တရားကို အဆုံးသတ်တော်မူ၏။