ရှင်ယောဟန် 7:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း31 သို့ရာတွင် လူထုအထဲမှ အများအပြားတို့သည် ယေရှုကို ယုံကြည်ကြသဖြင့် “ခရစ်တော်ကြွလာသောအခါ ဤသူ ပြုသည်ထက် ပို၍များသောနိမိတ်လက္ခဏာများကို ပြုတော်မူမည်လော” ဟု ပြောဆိုကြ၏။ Ver CapítuloCommon Language Bible31 ပရိသတ်အထဲမှလူအများပင်ကိုယ်တော်ကို သက်ဝင်ယုံကြည်လာကြပြီးလျှင် ``မေရှိယ အရှင်ကြွလာတော်မူသောအခါ ဤအရှင် ပြသည်ထက်ပိုမိုများပြားသောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြတော်မူမည်လော'' ဟုဆိုကြ၏။ Ver CapítuloGarrad Bible31 လူပရိသတ်အနက် အများတို့ကား၊ ကိုယ်တော်ကိုယုံကြည်ကြ၍ ခရစ်တော်ကြွလာတော်မူသည့်ကာလ၊ ဤသူပြသည်ထက် ပိုမိုသောနိမိတ်လက္ခဏာကိုပြမည်လောဟု ဆိုကြသတည်း။ Ver CapítuloJudson Bible31 လူအစုအဝေးထဲ၌ ပါသောလူအများတို့သည် ယုံကြည်သည်ဖြစ်၍၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ ဤသူပြသော နိမိတ်လက္ခဏာထက် သာ၍များသော နိမိတ်လက္ခဏာတို့ကို ပြတော်မူမည်လောဟု ဆိုကြ၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း31 သို့ရာတွင် လူထုပရိသတ်ထဲမှအများစုသည် ကိုယ်တော်ကိုယုံကြည်လျက် “ခရစ်တော်ကြွလာသောအခါတွင် ဤသူပြုသည်ထက် ပို၍များသောနိမိတ်လက္ခဏာတို့ကို ပြုပါမည်လော”ဟု ဆိုကြ၏။ Ver Capítuloမြန်မာ31 လူအစုအဝေးထဲ၌ ပါသောလူအများတို့သည် ယုံကြည်သည်ဖြစ်၍၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ ဤသူပြသော နိမိတ်လက္ခဏာထက် သာ၍များသော နိမိတ်လက္ခဏာတို့ကို ပြတော်မူမည်လောဟု ဆိုကြ၏။ Ver Capítulo |
သူသည် ညအခါ ယေရှုထံသို့ လာပြီးလျှင် “ဆရာတော်… ဘုရားသခင်အတူရှိတော်မမူလျှင် ဆရာတော်ပြုသောနိမိတ်လက္ခဏာများကို မည်သူမျှ ပြုနိုင်မည်မဟုတ်သည်ကို ထောက်၍ ဆရာတော်သည် ဘုရားသခင်ထံတော်မှ ကြွလာသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏။ ဆရာတော်ပြုတော်မူသော နိမိတ်လက္ခဏာများကိုထောက်ရှု၍ ဘုရားသခင်သည် ဆရာတော်နှင့်အတူရှိတော်မူသည့် သက်သေထင်ရှားပါ၏” ဟု လျှောက်လေ၏။