ရှင်ယောဟန် 4:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း23 သို့သော်လည်း စစ်မှန်သောကိုးကွယ်သူတို့သည် ခမည်းတော်ကို စိတ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း ကိုးကွယ်မည့်အချိန် ရောက်လာလိမ့်မည်။ စင်စစ် ယခုပင် ရောက်လျက်ရှိ၏။ ခမည်းတော်သည် မိမိအား ထိုကဲ့သို့ကိုးကွယ်သူများကို အလိုရှိတော်မူ၏။ Ver CapítuloCommon Language Bible23 ဝတ်ပြုကိုးကွယ်သူတို့သည်ခမည်းတော်အား အမှန်စင်စစ်ဖြစ်တော်မူသည့်အတိုင်း ဝိညာဉ် တော်တန်ခိုးအားဖြင့်မှန်ကန်စွာဝတ်ပြုကိုး ကွယ်ရမည့်အချိန်ရောက်လာလိမ့်မည်။ ယခု ပင်ရောက်လျက်ရှိ၏။ ထိုသို့ဝတ်ပြုကိုးကွယ် သူတို့ကိုခမည်းတော်နှစ်သက်တော်မူ၏။- Ver CapítuloGarrad Bible23 သို့ရာတွင် စင်စစ်ကိုးကွယ်သူတို့သည်ခမည်းတော်ကိုစိတ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည့်အချိန်ကာလရောက်တော့မည်။ ယခုပင်ရောက်လေပြီ။ ထိုသို့သဘောရှိသူတို့ကို ကိုယ်တော်အားကိုးကွယ်သူအဖြစ် ခမည်းတော်ရှာတော်မူ၏။ Ver CapítuloJudson Bible23 ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း၊ ကိုးကွယ်ရမည့်အချိန်ကာလသည် လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း23 သို့သော် စစ်မှန်သောကိုးကွယ်သူတို့သည် ဝိညာဉ်နှင့်သမ္မာတရားအားဖြင့် ခမည်းတော်ကို ကိုးကွယ်မည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။ အကြောင်းမူကား ခမည်းတော်သည် ထိုသို့ကိုးကွယ်သောသူတို့ကို အလိုရှိတော်မူ၏။ Ver Capítuloမြန်မာ23 ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း၊ ကိုးကွယ်ရမည့်အချိန်ကာလသည် လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။- Ver Capítulo |
ထိုကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အားနည်းသောအရာ၌ ကူညီမစတော်မူ၏။ ဥပမာ ဘုရားသခင်သည် ကျွန်ုပ်တို့အား မည်သည့်ဆုကို တောင်းစေလိုသည်ကို ကျွန်ုပ်တို့မသိ။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်သည် ဖော်ပြ၍ မရနိုင်အောင် နက်နဲသည့် ညည်းတွားသောစကားတို့ဖြင့် ကျွန်ုပ်တို့အတွက် ကိုယ်စားပြုဆုတောင်းပေးတော်မူ၏။
ထိုသူတို့သည် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသောကြောင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ လူများဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့သာလျှင် ဘုရားသခင်၏ စစ်မှန်သောလူများဖြစ်ကြ၏။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏ အကူအညီဖြင့် ဘုရားသခင်ကို ကိုးကွယ်၍ လူ့အားထုတ်မှုအပေါ် အားမကိုးဘဲ ယေရှုခရစ်တော် ပြုပေးသော အမှုအပေါ် အားကိုးကြ၏။