ရှင်ယောဟန် 4:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း10 ယေရှုက “သင့်အတွက် ဘုရားသခင်ပေးတော်မူမည့် လက်ဆောင်ကိုလည်းကောင်း၊ သင့်ထံမှ သောက်ရေကို တောင်းသောသူသည် မည်သူဖြစ်ကြောင်းကိုလည်းကောင်း သင်သိပါက သင်သည် ငါ့ထံမှ ရေကို တောင်းလိမ့်မည်။ ငါသည်လည်း အသက်ရေကို သင့်အား ပေးလိမ့်မည်” ဟု ဖြေတော်မူ၏။ Ver CapítuloCommon Language Bible10 သခင်ယေရှုက ``ဘုရားသခင်ပေးသနား တော်မူသောဆုကျေးဇူးတော်ကိုလည်းကောင်း၊ သင့်အားသောက်ရေတစ်ခွက်တောင်းနေသူသည် အဘယ်သူဖြစ်သည်ကိုလည်းကောင်းသင်သည် သိပါလျှင် ထိုသူ၏ထံမှအသက်ရေကို တောင်းလိမ့်မည်။ ထိုသူသည်လည်းသင့်အား ထိုရေကိုပေးလိမ့်မည်'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible10 ယေရှုက သင်သည်ဘုရားသခင့်ဆုကျေးဇူးတော်ကိုလည်းကောင်း၊ သောက်ရန်ပေးပါဟုတောင်းဆိုသူ မည်သူမှန်းကိုလည်းကောင်းသိခဲ့လျှင် ထိုသူ့ထံတောင်းမည်။ သူလည်းအသက်ရေကိုပေးလေပြီဟု ပြန်၍မိန့်တော်မူသော်၊ Ver CapítuloJudson Bible10 ယေရှုကလည်း၊ ဘုရားသခင် ကျေးဇူးတော်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ဆိုသောသူကား အဘယ်သူဖြစ်သည်ကိုလည်းကောင်း သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည်ဟု ပြန်၍ မိန့်တော်မူသော်၊- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း10 ယေရှုကလည်း“ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ပြောဆိုနေသူမှာ မည်သူဖြစ်သည်ကိုလည်းကောင်း သင်သိခဲ့လျှင် သင်ကသာ သူ့ကိုတောင်း၍ သူသည် သင့်အား အသက်ရေကိုပေးခဲ့လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။ Ver Capítuloမြန်မာ10 ယေရှုကလည်း၊ ဘုရားသခင် ကျေးဇူးတော်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ဆိုသောသူကား အဘယ်သူဖြစ်သည်ကိုလည်းကောင်း သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည်ဟု ပြန်၍ မိန့်တော်မူသော်၊- Ver Capítulo |
သင်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေတော်မူသောအရှင်မှာ ဘုရားသခင်ဖြစ်၏။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အကျိုးအတွက် ဘုရားသခင်ထံမှ လာသော ဉာဏ်ပညာဖြစ်တော်မူပြီး ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်စေတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သန့်ရှင်းစေ၍ အပြစ်မှ ရွေးနုတ်တော်မူ၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။