ရှင်ယောဟန် 3:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ယေရှုက “သင့်အား ငါအမှန်ဆို၏။ ရေဖြင့်လည်းကောင်း၊ ဝိညာဉ်တော်ဖြင့်လည်းကောင်း အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်နိုင်။ Ver CapítuloCommon Language Bible5 သခင်ယေရှုက ``အမှန်အကန်သင့်အားငါ ဆိုသည်ကား၊ ရေနှင့်ဝိညာဉ်တော်အားဖြင့်မွေး ဖွားလာသူမဟုတ်လျှင် အဘယ်သူမျှဘုရား သခင်၏နိုင်ငံတော်သို့မဝင်ရ။- Ver CapítuloGarrad Bible5 ယေရှုက ငါဧကန်အမှန်ဆိုသည်ကား၊ ရေနှင့်ဝိညာဉ်တော်အားဖြင့်မဖွားလျှင် ဘုရားသခင့်နိုင်ငံတော်သို့ မည်သူမျှဝင်နိုင်သည်မဟုတ်။ Ver CapítuloJudson Bible5 ယေရှုကလည်း၊ ရေနှင့် ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း5 ယေရှုက“သင့်အား ငါအမှန်အကန်ဆိုမည်။ လူသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် မွေးဖွားခြင်းကိုမခံလျှင် ဘုရားသခင်၏နိုင်ငံတော်သို့မဝင်နိုင်။ Ver Capítuloမြန်မာ5 ယေရှုကလည်း၊ ရေနှင့် ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။- Ver Capítulo |
အပြစ်အတွက် နောင်တရ၍ ဘုရားသခင်ထံသို့ ပြန်လာသောသူတို့ကို ငါသည် ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့သော်လည်း ငါ့ထက်ကြီးမြတ်သောအရှင်သည် မကြာမီကြွလာမည်။ ငါသည် ထိုအရှင်၏ဖိနပ်ကိုမျှ သယ်ဆောင်ရန် မထိုက်တန်ပါ။ ထိုအရှင်သည် သင်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း နှစ်ခြင်းမင်္ဂလာပေးတော်မူလိမ့်မည်။
ထိုသူတို့မှာ ခမည်းတော်ဘုရားသခင်၏ ကြိုတင်သိမြင်သောဉာဏ်တော်အရ ဝိညာဉ်တော်၏ သန့်ရှင်းစေခြင်းအားဖြင့် ရွေးချယ်တော်မူခြင်းခံထားရသူများဖြစ်ကြ၏။ ဤသို့ရွေးချယ်တော်မူခြင်းမှာ ယေရှုခရစ်တော်ကို သင်တို့နာခံစေရန်နှင့် သင်တို့ကို အသွေးတော်ဖြင့် ပက်ဖျန်း၍ စင်ကြယ်စေရန်ဖြစ်၏။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းကို သင်တို့ကြွယ်ဝစွာ ခံစားရပါစေသော။