ရှင်ယောဟန် 3:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း11 ငါအမှန်ဆိုရလျှင် ငါတို့သည် မိမိသိသောအရာကို ပြောကြ၏။ မိမိမြင်ဖူးသောအရာကို သက်သေခံကြ၏။ သို့သော်လည်း ငါတို့၏ သက်သေခံချက်ကို သင်တို့သည် လက်မခံကြ။ Ver CapítuloCommon Language Bible11 အမှန်အကန်သင့်အားငါဆိုသည်ကား ငါတို့ သည်မိမိတို့သိသည့်အရာကိုပြောကြ၏။ မြင် သည့်အရာကိုသက်သေခံကြ၏။ သို့ရာတွင် ငါတို့၏သက်သေခံချက်ကိုသင်တို့လက် မခံကြ။- Ver CapítuloGarrad Bible11 ငါဧကန်အမှန်ဆိုသည်ကား၊ ငါတို့သည် သိသောအရာကိုပြောဆို၏။ မြင်ပြီးသောအရာကိုသက်သေခံ၏။ ငါတို့သက်သေခံချက်ကို သင်တို့မနာမယူကြ။ Ver CapítuloJudson Bible11 ငါအမှန်အကန်ဆိုသည်ကား၊ ငါတို့သည် ကိုယ်သိသောအရာကို ပြော၏၊ ကိုယ်မြင်သောအရာကို သက်သေခံ၏။ သို့သော်လည်း ငါတို့၏သက်သေခံချက်ကို သင်တို့သည် မခံမယူကြ။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း11 သင့်အား ငါအမှန်အကန်ဆိုမည်။ ငါတို့သည် ကိုယ်သိသောအရာကိုပြောဆိုလျက် ကိုယ်မြင်သောအရာကိုသက်သေခံ၏။ သို့သော် သင်တို့သည် ငါတို့၏သက်သေခံချက်ကိုလက်မခံကြ။ Ver Capítuloမြန်မာ11 ငါအမှန်အကန်ဆိုသည်ကား၊ ငါတို့သည် ကိုယ်သိသောအရာကို ပြော၏၊ ကိုယ်မြင်သောအရာကို သက်သေခံ၏။ သို့သော်လည်း ငါတို့၏သက်သေခံချက်ကို သင်တို့သည် မခံမယူကြ။- Ver Capítulo |
အို ဂျေရုဆလင်မြို့… ဂျေရုဆလင်မြို့… သင်သည် ပရောဖက်များကို သတ်ဖြတ်၍ သင့်ထံသို့ ဘုရားသခင်စေလွှတ်တော်မူသော တမန်တော်များကို ကျောက်ခဲနှင့် ပေါက်သတ်၏။ ကြက်မသည် ကြက်ကလေးများကို သူ၏ တောင်ပံအောက်၌ အုပ်၍ ကာကွယ်သကဲ့သို့ သင်၏ သားသမီးတို့ကို စုစည်းစေရန် အကြိမ်ကြိမ် ငါအလိုရှိ၏။ သို့သော်လည်း သင်သည် ထိုသို့ အလိုမရှိ။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။