ရှင်ယောဟန် 2:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း10 “လူတိုင်းသည် ကောင်းသောစပျစ်ဝိုင်ဖြင့် ဦးစွာဧည့်ခံပြီး လူတို့သောက်၍ ယစ်မူးသောအခါ၌သာ အရည်အသွေးညံ့သော စပျစ်ဝိုင်ဖြင့် ဧည့်ခံလေ့ရှိ၏။ သင်ကမူ ကောင်းသောစပျစ်ဝိုင်ကို ယခုထိတိုင် သိမ်းထားပါပြီ” ဟု ဆို၏။ Ver CapítuloCommon Language Bible10 ``လူတိုင်းပင်စပျစ်ရည်ကောင်းနှင့်ဦးစွာဧည့်ခံ တတ်၏။ လူတို့စိတ်ရှိသောက်ကြပြီးမှ စပျစ် ရည်အညံ့ကိုထည့်ပေးလေ့ရှိ၏။ သင်မူကား စပျစ်ရည်ကောင်းကိုယခုမှထုတ်ပေးပါ သည်တကား'' ဟုဆို၏။ Ver CapítuloGarrad Bible10 မင်္ဂလာဆောင်သတို့သားကိုခေါ်လျက် သူတိုင်းမှာ စပျစ်ရည်ကောင်းကိုဦးစွာတည်၍မူးယစ်ကြပြီးမှ အညံ့ကိုတည်တတ်သည်။ သင်မူကား ယခုတိုင်စပျစ်ရည်ကောင်းကိုချန်ထားပြီဟု ဆိုလေ၏။ Ver CapítuloJudson Bible10 အခြားသောသူမည်သည်ကား၊ ရှေ့ဦးစွာ ကောင်းသောစပျစ်ရည်ကို ထည့်၍ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကို ထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင် သိုထားပြီဟုဆို၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း10 “လူတိုင်း ကောင်းသောစပျစ်ဝိုင်ကို ဦးစွာချပေးပြီး လူတို့ယစ်မူးကြသောအခါမှ အညံ့ကိုချပေးလေ့ရှိ၏။ သင်မူကား ကောင်းသောစပျစ်ဝိုင်ကို ယခုအထိ သိမ်းထားပြီတကား”ဟု ဆို၏။ Ver Capítuloမြန်မာ10 အခြားသောသူမည်သည်ကား၊ ရှေ့ဦးစွာ ကောင်းသောစပျစ်ရည်ကို ထည့်၍ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကို ထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင် သိုထားပြီဟုဆို၏။- Ver Capítulo |