ရှင်ယောဟန် 14:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း2 ငါ့ခမည်းတော်၏ အိမ်တော်တွင် နေစရာအခန်းများစွာ ရှိ၏။ ထိုသို့ မရှိလျှင် ငါသည် သင်တို့နေရမည့်နေရာကို သွား၍ ပြင်ဆင်မည်ဟု ပြောမည်လော။ Ver CapítuloCommon Language Bible2 ငါ့ခမည်းတော်၏အိမ်တော်တွင်အခန်းများစွာ ရှိ၏။ သို့မရှိပါမူငါသည်သင်တို့အတွက် နေရာကိုသွား၍ပြင်ဆင်မည်ဟုပြောဆို ပါမည်လော။- Ver CapítuloGarrad Bible2 ငါ့ခမည်းတော်ဘုံဗိမာန်တော်တွင် နေထိုင်ရာအများရှိ၏။ မရှိခဲ့လျှင် သင်တို့နေရာဌာနကိုပြင်ဆင်ရန် ငါသွားသည်ဟုဆိုမည်လော။ Ver CapítuloJudson Bible2 ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း2 ငါ့ခမည်းတော်၏အိမ်တော်၌ နေစရာများစွာရှိ၏။ မရှိပါက မရှိကြောင်း သင်တို့အား ငါပြောခဲ့ပေလိမ့်မည်။ သင်တို့အတွက် နေရာပြင်ဆင်ရန် ငါသွားမည်။ Ver Capítuloမြန်မာ2 ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။- Ver Capítulo |
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။
အောင်မြင်သောသူကို ငါ့ဘုရားသခင်၏ဗိမာန်တော်၌ ရှိသောတိုင်ကဲ့သို့ ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ ဗိမာန်တော်အပြင်သို့ မရောက်ရ။ ငါသည် ငါ၏ဘုရားသခင်နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင်ထံ ကောင်းကင်ဘုံမှ ဆင်းသက်မည့် ဂျေရုဆလင်မြို့သစ်ဟူသော ဘုရားသခင်မြို့တော်၏နာမတော်ကိုလည်းကောင်း၊ ငါ၏နာမတော်သစ်ကိုလည်းကောင်း သူ့အပေါ်၌ ရေးထားမည်။