Biblia Todo Logo
La Biblia Online
- Anuncios -




ရှင်ယောဟန် 11:3 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ထို​ညီအစ်မ​နှစ်ဦး​က “သခင်… သခင်​ချစ်တော်မူသော​သူ​သည် အပြင်းဖျား​လျက်​ရှိပါ၏” ဟု ယေရှု​ထံတော်သို့ သတင်းပို့ကြ၏။

Ver Capítulo Copiar

Common Language Bible

3 ညီ​အစ်​မ​နှစ်​ယောက်​တို့​က ``အ​ရှင်၊ အ​ရှင် ချစ်​တော်​မူ​သော​သူ​သည်​ဖျား​နာ​လျက်​နေ ပါ​၏'' ဟု​သ​ခင်​ယေ​ရှု​ထံ​သို့​သ​တင်း​ပေး ပို့​လိုက်​ကြ​၏။

Ver Capítulo Copiar

Garrad Bible

3 ထိုညီအစ်မတို့သည် အရှင်ဘုရား၊ ကိုယ်တော်ချစ်တော်မူသူနာလျက်နေပါသည်ဟု စေလွှတ်လျှောက်ထားကြရာ၊

Ver Capítulo Copiar

Judson Bible

3 ညီ​အစ်​မ​တို့​သည် အ​ထံ​တော်​သို့​စေ​လွှတ်၍၊ သ​ခင်၊ ကိုယ်​တော်​ချစ်​တော်​မူ​သော​သူ​သည် နာ​လျက်​နေ​ပါ​သည်​ဟု လျှောက်​ကြ၏။-

Ver Capítulo Copiar

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထို့ကြောင့် ထို​ညီအစ်မ​တို့​သည် ကိုယ်တော်​ထံသို့ လူ​ကို​စေလွှတ်​၍ “သခင်​ဘုရား၊ ကိုယ်တော်​ချစ်ခင်​တော်မူ​သော​သူ​သည် နာမကျန်း​ဖြစ်​နေ​ပါ​သည်”​ဟု လျှောက်ထား​ကြ​၏။

Ver Capítulo Copiar

မြန်မာ

3 ညီ​အစ်​မ​တို့​သည် အ​ထံ​တော်​သို့​စေ​လွှတ်၍၊ သ​ခင်၊ ကိုယ်​တော်​ချစ်​တော်​မူ​သော​သူ​သည် နာ​လျက်​နေ​ပါ​သည်​ဟု လျှောက်​ကြ၏။-

Ver Capítulo Copiar




ရှင်ယောဟန် 11:3
16 Referencias Cruzadas  

ယေရှု​သည် မုဆိုးမ​ကို မြင်​သောအခါ သနားစိတ်​ရှိတော်မူ​သဖြင့် “မငိုနှင့်” ဟု မိန့်တော်မူ၏။


လာဇရု​အမည်​ရှိသော လူတစ်ဦး​သည် ဖျားနာ​လျက်​ရှိ၏။ သူ​သည် မာရိ​နှင့် မာသ​ဟု ခေါ်သော သူ​၏ အစ်မ​နှစ်ဦးတို့​နှင့်အတူ ဗေသနိရွာ​တွင်​နေထိုင်၏။


ထိုသို့ မိန့်တော်မူ​ပြီးနောက် ယေရှု​က “ငါတို့​၏​မိတ်ဆွေ လာဇရု​သည် အိပ်ပျော်​လျက်​ရှိ၏။ သူ့​ကို နှိုး​ရန် ငါ​သွားမည်” ဟု မိန့်တော်မူ၏။


ထို​မာရိ​သည် ယေရှု​၏ ခြေ​ကို ဆီမွှေး​လိမ်း​၍ မိမိ​ဆံပင်​ဖြင့် သုတ်ပေးသော​သူ​ဖြစ်၏။ သူ​၏ မောင် လာဇရု​သည် ဖျားနာ​လျက်​ရှိ​သောကြောင့်


မာသ​က ယေရှု​အား “သခင်… သခင်​သာ ဤ​နေရာ​၌ ရှိတော်မူခဲ့​လျှင် ကျွန်မ​မောင်​သေဆုံးမည်​မဟုတ်ပါ။


အနီးတွင်​ရပ်နေသော​ဂျူး​လူမျိုးတို့​က “ကြည့်ပါ။ သူ​သည် လာဇရု​ကို အလွန်​ချစ်၏” ဟု ပြောဆိုကြ၏။


ယေရှု​သည် မာသ၊ မာရိ​နှင့် လာဇရု​တို့​ကို ချစ်တော်မူ၏။


သင်တို့​သည် ငါ့​ကို ဆရာတော်​ဟူ၍​လည်းကောင်း၊ သခင်​ဟူ၍​လည်းကောင်း ခေါ်ဆိုကြ၏။ ငါ​သည် သင်တို့​ခေါ်ဆိုသည့်​အတိုင်း​ဖြစ်​သောကြောင့် ထိုသို့ ခေါ်ဆိုသည်​မှာ မှန်ကန်၏။


ယေရှု​ချစ်တော်မူသော​တပည့်တော်​သည် ကိုယ်တော်​၏​နံဘေး​၌ မှီ​လျက်​နေ၏။


ဧရတ္တု​သည် ကောရိန္သုမြို့​တွင် နေရစ်ခဲ့၏။ တရောဖိမ်​မှာမူ နာမကျန်း​ဖြစ်​သောကြောင့် မိလက်မြို့​တွင် ကျွန်ုပ်​ချန်ထားခဲ့ရ၏။


ငါ​သည် ကိုယ်​ချစ်သော​သူတို့​ကို ဆုံးမ​ပဲ့ပြင်တတ်၏။ ထို့ကြောင့် သင်​သည် စိတ်အား​ထက်သန်လော့။ နောင်တရလော့။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos