ဗျာဒိတ် 10:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း9 ထို့ကြောင့် ကျွန်ုပ်သည် ထိုကောင်းကင်တမန်ထံသို့ သွားပြီး ကျွန်ုပ်အား စာလိပ်ငယ်ကို ပေးရန် တောင်း၏။ ကောင်းကင်တမန်က “စာလိပ်ကို ယူ၍စားလော့။ သင်၏ဝမ်းထဲ၌ ခါးသော်လည်း သင်၏ ခံတွင်း၌ ပျားရည်ကဲ့သို့ ချိုလိမ့်မည်” ဟု ကျွန်ုပ်အား ပြော၏။ Ver CapítuloCommon Language Bible9 သို့ဖြစ်၍ငါသည်ထိုကောင်းကင်တမန်ထံ သို့သွားပြီးလျှင် စာစောင်ငယ်ကိုပေးရန် တောင်း၏။ ကောင်းကင်တမန်က``ဤစာစောင် ကိုယူ၍စားလော့။ သင်၏ဝမ်းကိုခါးစေ လိမ့်မည်။ သို့ရာတွင်သင်၏ခံတွင်း၌ပျား ရည်ကဲ့သို့ချိုလိမ့်မည်'' ဟုဆို၏။ Ver CapítuloGarrad Bible9 ထို စေ တ မန် တော် ထံ သွား၍ စာ စောင် ငယ် ကို ငါ တောင်း ရာ စေ တ မန် တော် က၊ ယူ ၍ စား လော့။ ဝမ်း၌ ခါး၍ ခံ တွင်း၌ ပြား ရည် ကဲ့ သို့ ချို လိမ့် မည် ဟု မြွက် ဆို၏။ Ver CapítuloJudson Bible9 ငါသည် ကောင်းကင်တမန်ထံသို့သွား၍ စာစောင်ငယ်ကို ပေးပါဟု တောင်း၏။ သူကလည်း ယူ၍စားလော့။ ဝမ်းကို ခါးစေလိမ့်မည်။ သို့သော်လည်း ပါးစပ်၌ ပျားရည်ကဲ့သို့ ချိုလိမ့်မည်ဟုဆိုလျှင်၊ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း9 ထို့ကြောင့် ငါသည် ထိုကောင်းကင်တမန်ထံသို့သွား၍ စာလိပ်ငယ်ကို ငါ့အားပေးရန် တောင်းခံသောအခါ သူက “စာလိပ်ကိုယူ၍ စားလိုက်လော့။ ၎င်းသည် သင်၏ဝမ်းထဲ၌ခါးသော်လည်း သင်၏ခံတွင်း၌ ပျားရည်ကဲ့သို့ချိုလိမ့်မည်”ဟု ငါ့အားမြွက်ဆို၏။ Ver Capítulo |