ဖိလိပ္ပိ 3:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ထိုသူတို့သည် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသောကြောင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ လူများဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့သာလျှင် ဘုရားသခင်၏ စစ်မှန်သောလူများဖြစ်ကြ၏။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏ အကူအညီဖြင့် ဘုရားသခင်ကို ကိုးကွယ်၍ လူ့အားထုတ်မှုအပေါ် အားမကိုးဘဲ ယေရှုခရစ်တော် ပြုပေးသော အမှုအပေါ် အားကိုးကြ၏။ Ver CapítuloCommon Language Bible3 အရေဖျားလှီးခြင်းမင်္ဂလာအစစ်အမှန်ကို ခံရသောသူတို့ကားထိုသူတို့မဟုတ်ဘဲငါ တို့သာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်ကိုယ်တော်၏ဝိညာဉ်တော် အားဖြင့်ဘုရားသခင်အားကိုးကွယ်ဝတ်ပြု၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ရ၍ရွှင်လန်းဝမ်းမြောက်သူများဖြစ် သောကြောင့်တည်း။ ငါတို့သည်ပြင်ပလက္ခဏာ များကိုမကိုးစား။- Ver CapítuloGarrad Bible3 လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ သူ တို့ မှာ ဘု ရား သ ခင့် ဝိ ညာဉ် တော် အား ဖြင့် ဝတ် ပြု ကိုး ကွယ် လျက် ပ ဝ တ္တိ၌ စိတ် မ ချ ဘဲ ခ ရစ် တော် ယေ ရှု၌ သာ ဂုဏ် တင် လျက် နေ သော ငါ တို့ ပင် တည်း။ Ver CapítuloJudson Bible3 ငါတို့သည် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်ကို ကိုးကွယ်၍၊ ဇာတိ၌ကိုးစားခြင်းမရှိဘဲ၊ ယေရှုခရစ်၌သာ ဝါကြွားဝမ်းမြောက်သောသူဖြစ်၍၊ မှန်သော အရေဖျားလှီးခြင်းကို ခံသောသူဖြစ်ကြ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း3 အကြောင်းမူကား ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်ဝတ်ပြု၍ ခရစ်တော်ယေရှု၌ဝါကြွားလျက် အသွေးအသား၌ကိုးစားခြင်းမရှိသောငါတို့သည် အရေဖျားလှီးထားသောသူအစစ်အမှန်ဖြစ်ကြ၏။ Ver Capítulo |
သို့သော် ယခုတွင်မူ ကျွန်ုပ်တို့သည် ပညတ်တရား၏ချုပ်နှောင်ခြင်းခံရသောဘဝကို အဆုံးသတ်ပြီဖြစ်သောကြောင့် ပညတ်တရား၏လက်အောက်မှ လွတ်မြောက်ကြပြီ။ ထို့ကြောင့် ယခုတွင် ကျွန်ုပ်တို့သည် ကျမ်းစာ၌ ရေးသားထားသောပညတ်တရားကို နာခံသည့်နည်းဟောင်းဖြင့် မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်လက်အောက်၌ အသက်ရှင်သောနည်းသစ်ဖြင့် ဘုရားသခင်ကို အစေခံကြ၏။