တမန်တော်ဝတ္ထု 9:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း4 သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် “ရှောလု၊ ရှောလု ငါ့ကို အဘယ်ကြောင့် ညှဉ်းပန်းနှိပ်စက်သနည်း” ဟု သူ့အား ပြောဆိုသောစကားသံကို ကြားရ၏။ Ver CapítuloCommon Language Bible4 သူသည်မြေပေါ်သို့လဲကျသွားပြီးနောက် ``ရှောလု၊ ရှောလု၊ သင်သည်အဘယ်ကြောင့်ငါ့ ကိုနှိပ်စက်ညှဉ်းဆဲသနည်း'' ဟုမေးမြန်းသံ ကိုကြားရ၏။ Ver CapítuloGarrad Bible4 မှောက် လဲ ရာ၊ ရှော လု၊ ရှော လု၊ ငါ့ ကို အ ဘယ် ကြောင့် ညှဉ်း ပန်း သ နည်း ဟူ သော ဗျာ ဒိတ် တော် သံ ကို ကြား လျှင်၊ Ver CapítuloJudson Bible4 ရှောလုသည် မြေပေါ်မှာလဲ၍နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်းဟု မိမိအား ပြောသောစကားသံကို ကြားလျှင်၊- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း4 သူသည် မြေပေါ်သို့လဲကျသွားရာ“ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း”ဟု သူ့အားပြောသောအသံကိုကြားရ၏။ Ver Capítulo |
နံနက်စာစားသောက်ကြပြီးနောက် ယေရှုက “ယောဟန်၏သားရှိမုန်… အခြားတပည့်တော်များ ငါ့ကို ချစ်သည်ထက် သင်သည် ငါ့ကို ပို၍ ချစ်သလော” ဟု ရှိမုန်ပေတရုကို မေးတော်မူ၏။ ပေတရုက “ချစ်ပါ၏ သခင်။ အကျွန်ုပ်သည် သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဘုရားသခင်သည် မည်မျှကျေးဇူးပြုတော်မူတတ်ကြောင်းနှင့် မည်မျှပြင်းထန်စွာ စီရင်တော်မူတတ်ကြောင်းကို သိမှတ်ကြလော့။ မနာခံသောသူတို့အပေါ် ပြင်းထန်စွာ စီရင်တော်မူ၏။ သို့သော် သင်သည် ဘုရားသခင်၏ ကျေးဇူးပြုခြင်းကို ဆက်၍ ယုံကြည်လျှင် သင့်အပေါ် ကျေးဇူးပြုတော်မူလိမ့်မည်။ ဆက်၍ မယုံကြည်လျှင်မူ သင်သည်လည်း ခုတ်ဖြတ်ခြင်းခံရလိမ့်မည်။