တမန်တော်ဝတ္ထု 9:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း22 ရှောလုသည်လည်း ပိုမို၍ စိတ်အားထက်သန်လာကာ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း သက်သေထူခြင်းအားဖြင့် ဒမတ်စကပ်မြို့ရှိ ဂျူးလူမျိုးများအား အံ့ဩတွေဝေစေ၏။ Ver CapítuloCommon Language Bible22 သို့သော်ရှောလုကသခင်ယေရှုသည်မေရှိယ ဖြစ်တော်မူကြောင်းကို ပိုင်ပိုင်နိုင်နိုင်သက်သေပြ ၍ဟောပြောရာ ဒမာသက်မြို့ရှိယုဒအမျိုး သားတို့ပြန်လည်၍မချေပနိုင်ကြပေ။ Ver CapítuloGarrad Bible22 ရှော လု မှာ မူ ခွန် အား တိုး တက် လျက် ယေ ရှု သည် ခ ရစ် တော် မှန် ကြောင်း ထင် ရှား စွာ ဖော် ပြ သ ဖြင့် ဒ မာ သက် မြို့ နေ ယု ဒ လူ မျိုး တို့ စိတ် ရှုပ် ထွေး လျက် နေ ကြ၏။ Ver CapítuloJudson Bible22 ရှောလုသည်လည်း အားတိုးပွားသဖြင့် ဒမာသက်မြို့၌နေသော ယုဒလူတို့သည် ပြောသမျှသော စကားကိုချေ၍၊ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ထင်ရှားစွာပြ၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း22 သို့သော် ရှောလုသည် ခွန်အားနှင့် ပို၍ပြည့်စုံလာပြီး ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း သက်သေထူကာ ဒမတ်စကပ်မြို့၌နေထိုင်ကြသောဂျူးလူမျိုးတို့ကို အံ့ဩတွေဝေစေ၏။ Ver Capítulo |
ထို့နောက် သူတို့သည် ပေါလုနှင့်တွေ့ဆုံရန် ရက်ချိန်းရွေးကြ၏။ ချိန်းသည့်နေ့ရောက်သော် သူတို့သည် လူပေါင်းများစွာနှင့်တကွ ပေါလုတည်းခိုရာနေရာသို့ရောက်လာကြ၏။ ပေါလုသည် နံနက်အချိန်မှ ညအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံလေ၏။ မောရှေ၏ပညတ်တရားနှင့် ပရောဖက်ကျမ်းများကိုလည်း ကိုးကား၍ ယေရှုအကြောင်းကို လက်ခံယုံကြည်လာရန် ကြိုးစားဟောပြောလေ၏။