တမန်တော်ဝတ္ထု 9:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း15 သို့သော် သခင်ဘုရားက “သွားလော့။ ထိုသူသည် လူမျိုးခြားများ၊ ဘုရင်များနှင့် အစ္စရေးလူမျိုးတို့ရှေ့တွင် ငါ့အကြောင်းကို ပြောကြားရန် ငါရွေးကောက်ထားသော တန်ဆာပလာဖြစ်၏။ Ver CapítuloCommon Language Bible15 သို့ရာတွင်သခင်ဘုရားက ``သွားလော့။ ဤ သူကားလူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် ဣသရေလအမျိုးသားတို့အား ငါ၏အကြောင်း ကိုဟောပြောကြေညာရန်ငါရွေးချယ်ထား သူဖြစ်၏။- Ver CapítuloGarrad Bible15 အ ရှင် ဘု ရား က သွား လော့။ ထို သူ သည် လူ မျိုး ခြား တို့ ရှေ့၊ ဘု ရင် မင်း တို့ ရှေ့၊ ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ တွင် ငါ့ နာ မ ကို ဆင့် ရွက် စေ ရန် ငါ ရွေး ကောက် သော အ သုံး အ ဆောင် တော် ဖြစ် သည်။ Ver CapítuloJudson Bible15 သခင်ဘုရားကလည်း၊ ထိုသူကား တစ်ပါးအမျိုးသားတို့နှင့် ရှင်ဘုရင်တို့ထံသို့လည်းကောင်း၊ ဣသရေလ အမျိုးသားတို့ရှိရာသို့လည်းကောင်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှာ ငါရွေးကောက်သော တန်ဆာဖြစ်၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း15 သို့သော် သခင်ဘုရားက“သွားလော့။ ဤသူကား လူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် အစ္စရေးအမျိုးသားများရှေ့သို့ ငါ၏နာမကိုယူဆောင်သွားရန် ငါရွေးကောက်ထားသောတန်ဆာပလာဖြစ်၏။ Ver Capítulo |
သုံးရက်ကြာသော် ပေါလုသည် ဂျူးခေါင်းဆောင်များကို စုဝေးစေ၏။ သူတို့ရောက်ရှိလာသောအခါ ပေါလုက “ညီအစ်ကိုတို့… ကျွန်ုပ်သည် မိမိလူမျိုးကိုလည်းကောင်း၊ ဘိုးဘေးတို့၏ထုံးတမ်းစဉ်လာများကိုလည်းကောင်း ဆန့်ကျင်သည့်အရာတစ်စုံတစ်ခုကိုမျှ မပြုလုပ်ခဲ့သော်လည်း ဂျေရုဆလင်မြို့တွင် ဖမ်းဆီးခံရ၍ ရောမအစိုးရလက်သို့ အပ်နှံခံရ၏။
သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကျွန်ုပ်သည် တမန်တော်ဖြစ်လာခဲ့၏။ ကျွန်ုပ်အပေါ် ထားရှိသော ကိုယ်တော်၏ ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်ဘဲ ကျွန်ုပ်သည် အခြားတမန်တော်များထက် သာ၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ကျွန်ုပ်ကြောင့်မဟုတ်ဘဲ ကျွန်ုပ်နှင့်အတူ လုပ်ဆောင်သောဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာဖြစ်၏။