တမန်တော်ဝတ္ထု 8:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း25 ပေတရုနှင့် ယောဟန်တို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားတော်အား သက်သေခံဟောပြောပြီးသည့်နောက် ဂျေရုဆလင်မြို့သို့ ပြန်သွားကြကာ ရှမာရိရွာများ၌ သတင်းကောင်းကို ဟောပြောကြ၏။ Ver CapítuloCommon Language Bible25 ပေတရုနှင့်ယောဟန်တို့သည်သခင်ယေရှု အကြောင်းဆိုင်ရာ ကိုယ်တွေ့မျက်မြင်အဖြစ် အပျက်များကိုသက်သေခံလျက် သခင်ဘုရား ၏တရားတော်ကိုဟောပြောပြီးနောက် ယေရု ရှလင်မြို့သို့ပြန်သွားကြ၏။ အပြန်လမ်း ခရီးတွင်များစွာသောရှမာရိရွာတို့၌ သတင်းကောင်းကို ဟောပြောကြေညာကြ၏။ Ver CapítuloGarrad Bible25 တ မန် တော် တို့ သည် အ ရှင် ဘု ရား၏ တ ရား တော် ကို ထို သို့ သက် သေ ခံ၍ ဟော ပြော ကြ ပြီး နောက်၊ ရှ မာ ရိ မြို့ ရွာ အ များ တွင် သ တင်း တော် မြတ် ကို ကြား ပြော လျက် ယေ ရု ရှ လင် မြို့ သို့ ပြန် သွား ကြ၏။ Ver CapítuloJudson Bible25 တမန်တော်တို့သည် သက်သေခံ၍ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောပြီးမှ၊ ယေရုရှလင်မြို့သို့ ပြန်သွားရာ၊ ရှမာရိရွာများတို့၌လည်း ဧဝံဂေလိတရားကို ဟောပြောကြ၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း25 ပေတရုနှင့်ယောဟန်တို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားကို သက်သေခံ၍ဟောပြောကြပြီးနောက် ဂျေရုဆလင်မြို့သို့ပြန်သွားရင်း ရှမာရိနယ်သားတို့၏ကျေးရွာများစွာတို့၌ ကောင်းမြတ်သောသတင်းကိုဟောပြောကြ၏။ Ver Capítulo |
ထို့နောက် သူတို့သည် ပေါလုနှင့်တွေ့ဆုံရန် ရက်ချိန်းရွေးကြ၏။ ချိန်းသည့်နေ့ရောက်သော် သူတို့သည် လူပေါင်းများစွာနှင့်တကွ ပေါလုတည်းခိုရာနေရာသို့ရောက်လာကြ၏။ ပေါလုသည် နံနက်အချိန်မှ ညအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံလေ၏။ မောရှေ၏ပညတ်တရားနှင့် ပရောဖက်ကျမ်းများကိုလည်း ကိုးကား၍ ယေရှုအကြောင်းကို လက်ခံယုံကြည်လာရန် ကြိုးစားဟောပြောလေ၏။
သစ္စာရှိသောညီအစ်ကိုဟု ကျွန်ုပ်မှတ်ယူသော သိလွာနု၏အကူအညီဖြင့် သင်တို့ထံ စာကို အကျဉ်းချုံး၍ ရေးလိုက်၏။ အကြောင်းအရာမှာ သင်တို့အား တိုက်တွန်းနှိုးဆော်ရန်နှင့် ကျွန်ုပ်ရေးလိုက်သောအရာတို့သည် ဘုရားသခင်၏ စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံရန်ဖြစ်၏။ ထိုကျေးဇူးတော်တွင် ခိုင်မြဲစွာ ရပ်တည်ကြလော့။