တမန်တော်ဝတ္ထု 7:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း34 အီဂျစ်ပြည်တွင်ရှိသော ငါ့လူမျိုးတို့ခံရသည့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ငါတပ်အပ်မြင်ပြီ။ သူတို့၏ညည်းတွားသံကိုလည်း ငါကြား၍ သူတို့အားကယ်တင်ရန် ငါဆင်းကြွလာပြီ။ ယခုသွားလော့။ ငါသည်သင့်အား အီဂျစ်ပြည်သို့ စေလွှတ်မည်’ ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible34 အီဂျစ်ပြည်ရှိငါ၏လူစုတော်နှိပ်စက်ညှဉ်းဆဲ ခြင်းခံရကြသည်ကိုငါမြင်ရပြီ။ သူတို့၏ ညည်းတွားမြည်တမ်းသံကိုလည်းငါကြား ရပြီ။ သို့ဖြစ်၍သူတို့အားကယ်တင်ရန်ငါ ဆင်းသက်ခဲ့ပြီ။ ယခုသွားလော့။ သင့်ကိုအီဂျစ် ပြည်သို့ငါစေလွှတ်မည်' ဟုမိန့်တော်မူ၏။'' Ver CapítuloGarrad Bible34 အိ ဂျစ် ပြည် တွင် ရှိ သော ငါ့ လူ မျိုး၏ ညှဉ်း ပန်း ခံ ရ ခြင်း ကို ဒိ ဋ္ဌ ငါ မြင်၍ မြည် တမ်း သံ ကို လည်း ကြား ရ သည့် အ တွက် ကယ် လွှတ် ရန် ငါ သက် ဆင်း ပြီ။ ယ ခု ပင် အိ ဂျစ် ပြည် သို့ သင့် ကို ငါ စေ လွှတ် မည် ဟု မိန့် တော် မူ၏။ Ver CapítuloJudson Bible34 အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့သည် ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ညည်းတွားမြည်တမ်းသော အသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့ကို ကယ်နုတ်ခြင်းငှာ ငါဆင်းလာပြီ။ ယခုသွားလော့။ သင့်ကို အဲဂုတ္တုပြည်သို့ငါစေလွှတ်မည်ဟု ဗျာဒိတ်တော်ရှိ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း34 ငါသည် အီဂျစ်ပြည်၌ရှိသော ငါ၏လူမျိုးတော်ခံနေရသည့် ဆင်းရဲဒုက္ခကိုတွေ့မြင်လျက် သူတို့၏ညည်းတွားသံကိုကြားရသည်ဖြစ်၍ သူတို့ကိုကယ်နုတ်ရန် ဆင်းလာပြီ။ ထို့ကြောင့် ယခုလာခဲ့လော့။ သင့်ကို အီဂျစ်ပြည်သို့ ငါစေလွှတ်မည်’ဟု မိန့်တော်မူ၏။ Ver Capítulo |