တမန်တော်ဝတ္ထု 7:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း10 သူ့ကို ဆင်းရဲဒုက္ခအားလုံးထဲမှ ကယ်တင်တော်မူ၏။ ထို့ပြင် ဉာဏ်ပညာကို ပေး၍ အီဂျစ်ပြည်ကို အုပ်ချုပ်သောဖာရောဘုရင်ထံတွင် မျက်နှာပွင့်လန်းစေတော်မူ၏။ ထို့ကြောင့် ထိုဘုရင်သည် ယောသပ်အား အီဂျစ်ပြည်နှင့် သူ၏နန်းတော်တစ်ခုလုံးကို ကြီးမှူးသောဘုရင်ခံအဖြစ် ခန့်ထားလေ၏။ Ver CapítuloCommon Language Bible10 သူ့အားဒုက္ခဆင်းရဲအပေါင်းမှကယ်နုတ်တော် မူ၏။ ဘုရားသခင်သည်ယောသပ်အား အီဂျစ် ပြည့်ရှင်ဖာရောဘုရင်၏ရှေ့တော်တွင်မျက်နှာ ပွင့်လန်းစေတော်မူ၏။ သူ့အားလည်းဉာဏ်ပညာ ကိုပေးတော်မူ၏။ ဖာရောဘုရင်သည်သူ့ကို အီဂျစ်ပြည်ဘုရင်ခံအဖြစ်ဖြင့်လည်းကောင်း၊ နန်းတော်ဝန်အဖြစ်ဖြင့်လည်းကောင်းခန့်ထား တော်မူလေသည်။- Ver CapítuloGarrad Bible10 ဘု ရား သ ခင် သည် သူ နှင့် အ တူ ရှိ လျက် ခံ ရ သော ဆင်း ရဲ ဒု က္ခ အ မျိုး မျိုး မှ ကယ် နုတ် ပြီး လျှင် အိ ဂျစ် ပြည့် ရှင် ဖာ ရော မင်း ရှေ့ မျက် နှာ သာ ရ စေ ၍ ဉာဏ် ပ ညာ ကို သ နား တော် မူ သ ဖြင့် ထို မင်း သည် အိ ဂျစ် ပြည် ပေါ် တွင် နန်း တော် ပါ ဘု ရင် ခံ ခန့် ထား လေ ၏။ Ver CapítuloJudson Bible10 အလုံးစုံသော ဒုက္ခဆင်းရဲထဲမှ ကယ်နုတ်၍၊ အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင်ထံ၌ မျက်နှာပွင့်လန်းခြင်းနှင့် ပညာအတတ်ကိုပေးတော်မူသဖြင့်၊ ထိုမင်းကြီးသည် အဲဂုတ္တုနိုင်ငံအုပ်အရာ၊ နန်းတော်အုပ်အရာ၌ ယောသပ်ကိုခန့်ထားလေ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း10 သူ၏ဆင်းရဲဒုက္ခအလုံးစုံတို့ထဲမှ သူ့ကိုကယ်နုတ်ပြီး သူ့အားဉာဏ်ပညာကိုပေးလျက် အီဂျစ်ဘုရင် ဖာရောမင်းရှေ့၌ မျက်နှာရစေတော်မူ၏။ ထိုအခါ ဖာရောမင်းသည် အီဂျစ်ပြည်နှင့်မိမိ၏နန်းတော်တစ်ခုလုံးကို ဦးဆောင်သူအဖြစ် သူ့ကိုခန့်ထားလေ၏။ Ver Capítulo |