တမန်တော်ဝတ္ထု 6:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း11 ထိုအခါ “ဤသူသည် မောရှေနှင့်ဘုရားသခင်ကို စော်ကားပြောဆိုကြောင်း ကျွန်ုပ်တို့ ကြားပါပြီ” ဟူ၍ လိမ်လည်ပြောဆိုမည့်သူတချို့ကို ခေါ်ဆောင်ခဲ့ကြ၏။ Ver CapítuloCommon Language Bible11 သို့ဖြစ်၍``ဤသူသည်မောရှေအားလည်းကောင်း၊ ဘုရားသခင်အားလည်းကောင်းပြစ်မှားပြော ဆိုသည်ကိုငါတို့ကြားပါသည်'' ဟုလူတို့ အားတံစိုးလက်ဆောင်ပေး၍အပြောခိုင်း ကြ၏။- Ver CapítuloGarrad Bible11 ဤ သူ သည် မော ရှေ နှင့် ဘု ရား သ ခင် အား ပုတ် ခတ် ပြော ဆို သည် ကို ကျွန်ုပ် တို့ ကြား ပါ သည် ဟု ပြော စေ ရန်၊ လူ တို့ ကို တိုက် တွန်း ၍၊ Ver CapítuloJudson Bible11 ထိုအခါ ဤသူသည် မောရှေကိုလည်းကောင်း၊ ဘုရားသခင်ကိုလည်းကောင်း လွန်ကျူး၍ ပြောသည်ကို ငါတို့ကြားရပါပြီဟု သက်သေခံမည့်သူတို့ကို တိတ်ဆိတ်စွာခေါ်၍ ထားကြပြီးလျှင်၊- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း11 ထိုအခါ သူတို့သည် လူတို့ကိုသွေးထိုးပေး၍ “ဤသူသည် မောရှေနှင့်ဘုရားသခင်အား စော်ကားသည့်စကားများပြောဆိုနေသည်ကို ငါတို့ကြားရသည်”ဟု ဆိုစေကြ၏။ Ver Capítulo |
“အစ္စရေးလူမျိုးတို့… ကူညီကြလော့။ ဤသူသည် ကျွန်ုပ်တို့၏လူမျိုးကိုလည်းကောင်း၊ ပညတ်တရားနှင့် ဤဗိမာန်ကိုလည်းကောင်း ဆန့်ကျင်လျက် နေရာတိုင်း၌ရှိသော လူအပေါင်းတို့အား သွန်သင်နေသူဖြစ်၏။ ထိုမျှမက ဂရိလူမျိုးတို့ကိုလည်း ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာ၍ ဤသန့်ရှင်းသောနေရာကို ညစ်ညမ်းစေပါပြီ” ဟု အော်ဟစ်ပြောဆိုကြ၏။
တစ်ချိန်က ကျွန်ုပ်သည် ခရစ်တော်ကို စော်ကားပြောဆိုသူ၊ ယုံကြည်သူများကို ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းကြမ်းကြုတ်သူ ဖြစ်ခဲ့၏။ သို့သော် ထိုအချိန်တွင် ကျွန်ုပ်သည် ခရစ်တော်ကို မယုံကြည်သေးသောကြောင့် ကျွန်ုပ်ပြုသောအမှုသည် မှားယွင်းကြောင်း နားမလည်ခဲ့။ ထို့ကြောင့် သခင်ဘုရားသည် ကျွန်ုပ်အပေါ် ကရုဏာထားတော်မူ၏။