တမန်တော်ဝတ္ထု 5:42 - ခေတ်သစ်မြန်မာ သမ္မာကျမ်း42 ထို့နောက် ယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသော သတင်းကောင်းကို ဗိမာန်တော်၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း နေ့စဉ်မရပ်မနား ဟောပြောသွန်သင်ကြ၏။ Ver CapítuloCommon Language Bible42 နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင်လည်းကောင်း၊ အိမ်များတွင်လည်းကောင်းသခင်ယေရှုသည် မေရှိယဖြစ်တော်မူကြောင်းကိုဆက်လက်၍ ဟောပြောသွန်သင်ကြ၏။ Ver CapítuloGarrad Bible42 လွှတ် တော် မှ ထွက် သွား ပြီး လျှင် ဗိ မာန် တော် ၌ လည်း ကောင်း၊ ကိုယ့် အိမ်၌ လည်း ကောင်း၊ ယေ ရှု သည် ခ ရစ် တော် မှန် ကြောင်း နေ့ စဉ် မ ပြတ် သွန် သင် ဟော ပြော လျက် နေ ကြ၏။ Ver CapítuloJudson Bible42 ဗိမာန်တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း နေ့တိုင်းအစဉ် ဆုံးမသွန်သင်လျက်၊ ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း42 ထို့နောက် သူတို့သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း အစဉ်မပြတ်သွန်သင်လျက် ယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသောကောင်းမြတ်သောသတင်းကို ဟောပြောကြ၏။ Ver Capítulo |
ဧပိကုရု၏တပည့်များနှင့် သတောအိတ်အတွေးခေါ်ပညာရှင် တချို့သည်လည်း သူနှင့်အတူ အချေအတင်ငြင်းခုံဆွေးနွေးကြ၏။ တချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောလိုသနည်း” ဟု ပြောကြ၏။ အခြားသူတို့ကလည်း “သူသည် တိုင်းတစ်ပါး နတ်ဘုရားများအကြောင်းကို ပြောပြနေဟန်ရှိ၏” ဟု ဆိုကြ၏။ ဤသို့ပြောဆိုခြင်းမှာ ပေါလုသည် ယေရှုအကြောင်းနှင့် သေရာမှပြန်ရှင်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။