တမန်တော်ဝတ္ထု 5:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း4 ထိုမြေကို မရောင်းဘဲရှိစဉ် သင်ပိုင်သည်မဟုတ်လော။ မရောင်းဘဲထားလျှင်လည်း သင်၏ဥစ္စာပင်ဖြစ်သည် မဟုတ်လော။ ထိုမြေကို ရောင်းချပြီးလျှင်လည်း ရရှိသောငွေကို သင်အလိုရှိသည့်အတိုင်း ပြုနိုင်သည်မဟုတ်လော။ သို့သော်လည်း သင်၏စိတ်နှလုံးထဲ၌ ဤမကောင်းမှုကို အဘယ်ကြောင့် ကြံစည်ရသနည်း။ သင်သည် ငါတို့ကို လှည့်စားသည်မဟုတ်။ ဘုရားသခင်ကို လှည့်စားပြီ” ဟု ဆိုလေ၏။ Ver CapítuloCommon Language Bible4 သင်သည်ထိုလယ်ကိုမရောင်းချမီကပိုင်ဆိုင် သည်မဟုတ်လော။ ရောင်းချပြီးသောအခါ ၌လည်း မြေဖိုးငွေကိုပိုင်သည်မဟုတ်လော။ သို့ ပါလျက်အဘယ်ကြောင့်ဤသို့သောအကြံ အစည်ကိုပြုပါသနည်း။ သင်သည်လူကို လှည့်စားသည်မဟုတ်။ ဘုရားသခင်ကိုလှည့် စားလေပြီ'' ဟုဆို၏။- Ver CapítuloGarrad Bible4 လက် ဝယ် မြေ ရှိ စဉ် ကိုယ် ပိုင် မ ဟုတ် လော၊ ရောင်း ပြီး နောက် ရ ငွေ လည်း ကိုယ့် ပ စ္စည်း မ ဟုတ် လော။ သို့ ဖြစ် လျက် သင့် စိတ် တွင် အ ဘယ့် ကြောင့် ဤ သို့ ကြံ စည် သ နည်း။ သင် သည် လူ ကို သာ မ ဟုတ်၊ ဘု ရား သ ခင် ကို မု သာ ပြော လေ ပြီ ဟု ဆို ၏။ Ver CapítuloJudson Bible4 ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ရသော အဖိုးသည် ကိုယ်ဥစ္စာဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ကြံစည်သနည်း။ လူကိုသာ မုသားပြောပြီမဟုတ်၊ ဘုရားသခင်ကိုလည်း မုသားပြောပြီဟု ပေတရုဆို၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း4 ထိုမြေသည် သင့်လက်ထဲ၌ရှိစဉ် သင်ပိုင်သည်မဟုတ်လော။ ရောင်းပြီးသောအခါ၌လည်း ရရှိသောငွေကို သင်အလိုရှိသည့်အတိုင်း ပြုနိုင်သည်မဟုတ်လော။ သို့ဖြစ်ပါလျက်နှင့် သင့်စိတ်နှလုံးထဲ၌ ဤအမှုကို အဘယ်ကြောင့်ကြံစည်ရသနည်း။ သင်သည် လူကိုလိမ်ညာသည်မဟုတ်ဘဲ ဘုရားသခင်ကိုလိမ်ညာလေပြီ”ဟု ဆို၏။ Ver Capítulo |