တမန်တော်ဝတ္ထု 5:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း27 ထိုသို့ ခေါ်ဆောင်လာပြီးလျှင် တရားလွှတ်တော်တွင် ရပ်စေကြ၏။ ယဇ်ပုရောဟိတ်မင်းကလည်း Ver CapítuloCommon Language Bible27 ဤသို့တမန်တော်တို့ကိုခေါ်ဆောင်လာပြီး လျှင် တရားလွှတ်တော်အဖွဲ့၏ရှေ့တွင်ရပ်စေ ၏။ ယဇ်ပုရောဟိတ်မင်းသည်တမန်တော်တို့ ကိုစစ်ဆေးမေးမြန်း၏။- Ver CapítuloGarrad Bible27 အ သာ အ ကြည် ခေါ် ခဲ့၍ လွှတ် တော် သို့ သွင်း ကြ၏။ Ver CapítuloJudson Bible27 ထိုသို့ ခေါ်ဆောင်ပြီးလျှင်၊ လွှတ်အရာရှိတို့ ရှေ့မှာထား၍ ယဇ်ပုရောဟိတ်မင်းက၊- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း27 သူတို့ကိုခေါ်ဆောင်လာကြ၏။ တမန်တော်တို့သည် တရားလွှတ်တော်ရှေ့၌ရပ်ကြသောအခါ ယဇ်ပုရောဟိတ်မင်းက Ver Capítulo |
တပ်မှူးကြီးက ပေါလုသည် အဘယ်ကြောင့် ဂျူးတို့၏စွပ်စွဲခြင်းခံနေရသည်ကို အတိအကျသိလို၏။ ထို့ကြောင့် နောက်တစ်နေ့တွင် ပေါလုကို အချည်အနှောင်မှ ဖြေပေး၍ ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် တရားလွှတ်တော်အဖွဲ့ဝင်တို့ကို စည်းဝေးရန် အမိန့်ထုတ်၏။ ထို့နောက် ပေါလုကို ခေါ်ဆောင်လာ၍ ထိုသူတို့ရှေ့၌ ထားလေ၏။
မိုးလင်းသောအခါ ကောင်းကင်တမန်မှာထားသည့်အတိုင်း သူတို့သည် ဗိမာန်တော်သို့ ဝင်၍ ဆုံးမသွန်သင်ကြ၏။ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အဖွဲ့ဝင်များသည် အစည်းအဝေးပြုလုပ်ရန် တရားလွှတ်တော်အဖွဲ့ဝင်များနှင့် အစ္စရေးလူမျိုးအကြီးအကဲတို့ကို စုရုံးစေ၏။ ထို့နောက် တမန်တော်တို့ကို ခေါ်ထုတ်လာရန် အစောင့်တပ်သားတို့ကို ထောင်ထဲသို့ စေလွှတ်ကြ၏။