Biblia Todo Logo
La Biblia Online
- Anuncios -




တမန်တော်ဝတ္ထု 5:23 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 “ထောင်​ကို လုံခြုံ​စွာ သော့ခတ်​လျက် တံခါး​ရှေ့တွင်​လည်း အစောင့်များ​ရပ်​နေကြသည်​ကို ကျွန်ုပ်တို့​တွေ့ခဲ့ပါ၏။ သို့သော် ထောင်တံခါး​ကို ဖွင့်ကြည့်​သောအခါ အထဲ​တွင် မည်သူ့​ကို​မျှ မတွေ့ပါ” ဟု ပြန်ပြောကြ၏။

Ver Capítulo Copiar

Common Language Bible

23 ``အ​ကျဉ်း​ထောင်​တံ​ခါး​သည်​သေ​ချာ​စွာ​ပိတ် လျက်​ရှိ​သည်​ကို​လည်း​ကောင်း၊ ထောင်​စောင့်​တို့ သည်​လည်း​တံ​ခါး​ပြင်​တွင်​ရပ်​လျက်​ရှိ​သည် ကို​လည်း​ကောင်း အ​ကျွန်ုပ်​တို့​တွေ့​ပါ​၏။ သို့​ရာ တွင်​တံ​ခါး​ကို​ဖွင့်​လိုက်​သော​အ​ခါ အ​တွင်း တွင်​မည်​သူ့​ကို​မျှ​မ​တွေ့​ရ​ပါ'' ဟု​လျှောက် ထား​ကြ​၏။-

Ver Capítulo Copiar

Garrad Bible

23 နှောင် အိမ် သည် လုံ ခြုံ စွာ ပိတ် ထား လျက် တံ ခါး စောင့် များ ရပ် နေ သည် ကို ကျွန် တော် တို့ တွေ့ သည် နှင့် ဖွင့် လျှင် အ တွင်း ၌ မည် သူ့ ကို မျှ မ တွေ့ ပါ ဟု ပြန် သွား လျှောက် ထား ကြ ၏။

Ver Capítulo Copiar

Judson Bible

23 ထောင်​တံ​ခါး​လည်း အ​ထူး​သ​ဖြင့် လုံ​ခြုံ​စွာ​ပိတ်​လျက်၊ ထောင်​ကို​စောင့်​သော​သူ​တို့​လည်း တံ​ခါး​ပြင်​မှာ ရပ်​လျက်​ရှိ​ကြ​သည်​ကို အ​ကျွန်ုပ်​တို့​သည်​တွေ့​ပါ၏။ ဖွင့်​ပြီး​မှ အ​ထဲ၌ အ​ဘယ်​သူ​ကို​မျှ​မ​တွေ့​ပါ​ဟု ကြား​လျှောက်​ကြ၏။-

Ver Capítulo Copiar

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 “ထောင်​ခန်း​ကို မြဲမြံ​လုံခြုံ​စွာ​ပိတ်​ထား​လျက် အစောင့်​များ​လည်း တံခါး​ရှေ့၌​ရပ်​နေ​ကြ​သည်​ကို အကျွန်ုပ်​တို့​တွေ့​ရ​ပါ​၏။ သို့သော် ဖွင့်​ကြည့်​လိုက်​သောအခါ အထဲ၌ မည်သူ့​ကို​မျှ​မ​တွေ့​ရ​ပါ”​ဟု သတင်းပို့​ကြ​၏။

Ver Capítulo Copiar




တမန်တော်ဝတ္ထု 5:23
13 Referencias Cruzadas  

ထိုအခါ သူတို့​သည် ယေရှု​ကို ပေါက်​ရန် ကျောက်ခဲများ​ကို ကောက်ကြ၏။ သို့သော် ယေရှု​သည် တိမ်းရှောင်​၍ ဗိမာန်တော်​မှ ထွက်ကြွတော်မူ၏။


သို့သော်လည်း ည​အချိန်​တွင် ထာဝရဘုရား​၏​ကောင်းကင်တမန်​တစ်ပါး​သည် ထောင်တံခါး​ကို ဖွင့်​၍ တမန်တော်တို့​ကို ခေါ်ထုတ်သွား​ကာ


သို့ရာတွင် ဗိမာန်တော်​အစောင့်တပ်သားတို့​သည် ထောင်​သို့ ရောက်​သောအခါ တမန်တော်တို့​ကို မတွေ့​သဖြင့် ပြန်လာ​၍


ထို​စကား​ကို​ကြား​သောအခါ ဗိမာန်တော်​တပ်မှူး​နှင့် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​သည် စိတ်ရှုပ်ထွေး​ကာ မည်သည့်​အမှု​ဆက်ဖြစ်လာမည်​ကို တွေးတော​လျက်​နေကြ၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos