တမန်တော်ဝတ္ထု 4:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း30 အို ဘုရားသခင်… လူများကို ကျန်းမာစေရန် လက်တော်ကို ဆန့်တော်မူစဉ် သန့်ရှင်းတော်မူသောအစေခံယေရှု၏အမည်နာမအားဖြင့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို ဖြစ်ပေါ်စေတော်မူပါ” ဟု ဘုရားသခင်ထံ ဆုတောင်းကြ၏။ Ver CapítuloCommon Language Bible30 လူတို့၏အနာရောဂါများကိုပျောက်ကင်း စေရန် ကိုယ်တော်ရှင်၏လက်တော်ကိုဆန့်တော် မူပါ။ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သော အစေခံသခင်ယေရှု၏နာမတော်အားဖြင့် နိမိတ်လက္ခဏာနှင့်အံ့သြဖွယ်ရာများကို ပြုတော်မူပါ။'' Ver CapítuloJudson Bible30 အနာရောဂါငြိမ်းစေခြင်းငှာ လက်တော်ကို ဆန့်တော်မူ၍၊ သန့်ရှင်းသော သားတော်ယေရှု၏ နာမတော်အားဖြင့် နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ဖြစ်စေတော်မူစဉ်တွင်၊ ကိုယ်တော်၏ကျွန်တို့သည် နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောပါမည်အကြောင်း ကယ်မသနားတော်မူပါဟု ဆုတောင်းကြ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း30 တစ်ချိန်တည်းမှာပင် အနာရောဂါများကိုငြိမ်းစေရန် ကိုယ်တော်၏လက်တော်ကိုဆန့်တန်း၍ ကိုယ်တော်၏သန့်ရှင်းသောအမှုဆောင်ယေရှု၏နာမတော်ဖြင့် နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကိုပြုခွင့်ပေးတော်မူပါ”ဟု ဆုတောင်းကြ၏။ Ver Capítulo |
အစ္စရေးလူမျိုးတို့… နားထောင်ကြလော့။ သင်တို့ကိုယ်တိုင် သိကြသည့်အတိုင်း ဘုရားသခင်သည် အံ့ဖွယ်တန်ခိုး၊ အံ့ဖွယ်ဖြစ်ရပ်နှင့် နိမိတ်လက္ခဏာများကို နာဇရက်မြို့သား ယေရှုအားဖြင့် ပြတော်မူခဲ့ပြီ။ ဤအရာများအားဖြင့် ယေရှုသည် ဘုရားသခင်၏စေလွှတ်တော်မူခြင်းခံရသူ အမှန်တကယ်ဖြစ်ကြောင်းကို လူသိရှင်ကြား သက်သေပြတော်မူခဲ့ပြီ။