တမန်တော်ဝတ္ထု 26:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း17 ငါသည် ဂျူးတို့၏လက်မှလည်းကောင်း၊ လူမျိုးခြားတို့၏လက်မှလည်းကောင်း၊ သင့်ကိုကယ်တင်မည်။ သင့်ကိုလူမျိုးခြားများထံသို့ ငါစေလွှတ်မည်။ Ver CapítuloCommon Language Bible17 ငါသည်သင့်အားဣသရေလအမျိုးသား တို့၏လက်မှလည်းကောင်း၊ ငါစေလွှတ်၍သင် သွားရောက်ဟောပြောမည့်လူမျိုးခြားတို့ ၏လက်မှလည်းကောင်းကယ်ဆယ်မည်။- Ver CapítuloGarrad Bible17 ငါ သည် သင့် ကို လူ မျိုး တော် နှင့် လူ မျိုး ခြား တို့ ဘောင် တွင် ကွယ် ကာ လျက်၊ Ver CapítuloJudson Bible17 ငါသည်ယုဒအမျိုးသား၊ တစ်ပါးအမျိုးသားတို့လက်မှ သင့်ကိုကယ်လွှတ်၍၊- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း17 ငါသည် ဂျူးလူမျိုး၏လက်မှလည်းကောင်း၊ လူမျိုးခြားတို့၏လက်မှလည်းကောင်း သင့်ကိုကယ်နုတ်မည်။ ထိုသူတို့ထံသို့သင့်ကို ငါစေလွှတ်၏။ Ver Capítulo |
ထိုအခွင့်ထူးမှာ လူမျိုးခြားတို့ထံ ယေရှုခရစ်တော်၏ အမှုတော်ကို ထမ်းဆောင်ရခြင်းအခွင့် ဖြစ်၏။ လူမျိုးခြားတို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်ရှေ့တော်၌ သန့်ရှင်းသည့် နှစ်သက်ဖွယ်ပူဇော်စရာကဲ့သို့ ဖြစ်လာရန် ကျွန်ုပ်သည် ယဇ်ပုရောဟိတ်တာဝန်ကို ထမ်းဆောင်လျက် ဘုရားသခင်၏ သတင်းကောင်းကို ဟော၏။
အသင်းတော်၏ မဏ္ဍိုင်များကဲ့သို့ ဖြစ်ကြသော ယာကုပ်၊ ပေတရုနှင့် ယောဟန်တို့က ကျွန်ုပ်အား ပေးထားသောကျေးဇူးတော်ကို သဘောပေါက်လျက် ကျွန်ုပ်တို့အားလုံးသည် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြောင်းကို ပြသောအားဖြင့် ဗာနဗနှင့် ကျွန်ုပ်ကို လက်ဆွဲနှုတ်ဆက်ကြ၏။ ကျွန်ုပ်တို့သည် လူမျိုးခြားထံသို့ သွားရောက်ဟောပြောရန်နှင့် သူတို့သည် ဂျူးလူမျိုးထံသို့ သွားရောက်ဟောပြောရန် သဘောတူကြ၏။