တမန်တော်ဝတ္ထု 24:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း24 ရက်အနည်းငယ်ကြာသော် ဖေလဇ်မင်းသည် သူ၏ဇနီးဖြစ်သူ ဂျူးအမျိုးသမီးဒြုသိလေနှင့်အတူ ရောက်လာ၏။ ထို့နောက် ပေါလုကိုဆင့်ခေါ်၍ ပေါလုဟောသော ယေရှုခရစ်တော်အား ယုံကြည်ခြင်းအကြောင်းကို နားထောင်လေ၏။ Ver CapítuloCommon Language Bible24 ရက်အနည်းငယ်ကြာသောအခါဖေလဇ်သည် မိမိ၏ဇနီးဒြုသိလေနှင့်အတူလာရောက်၏။ ဒြုသိလေကားယုဒအမျိုးသမီးဖြစ်၏။ ဖေလဇ် သည်ပေါလုကိုအခေါ်ခိုင်းပြီးလျှင် ခရစ်တော် ယေရှုအားယုံကြည်ခြင်းနှင့်ပတ်သက်၍ ပေါလု ဟောပြောသောတရားစကားများကိုကြား နာလေသည်။- Ver CapítuloGarrad Bible24 နေ့ ရက် အ တန် ကြာ သော် ဖေ လဇ် မင်း သည် ယု ဒ အ မျိုး မင်း က တော် ဒ ရု သိ လ နှင့် ပြန် လာ၍ ပေါ လု ကို ခေါ် ပြီး လျှင် ခ ရစ် တော် ယေ ရှု အား ယုံ ကြည် ခြင်း တ ရား အ ကြောင်း ကြား နာ သည့် အ ခိုက်၊ Ver CapítuloJudson Bible24 ထိုနောက်များမကြာ၊ ဖေလဇ်မင်းသည် ယုဒအမျိုးဖြစ်သော မိမိခင်ပွန်းဒြုသိလေနှင့်တကွ လာပြီးလျှင်၊ ပေါလုကိုခေါ်၍ ခရစ်တော်ကို ယုံကြည်ခြင်းနှင့်ယှဉ်သောစကားကို နားထောင်လေ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း24 ရက်အနည်းငယ်ကြာပြီးနောက် ဖေလဇ်မင်းသည် ဂျူးအမျိုးသမီးဖြစ်သော မိမိဇနီးဒြုသိလေနှင့်အတူရောက်လာ၍ ပေါလုကိုဆင့်ခေါ်လျက် ခရစ်တော်ယေရှုအားယုံကြည်ခြင်းအကြောင်းကို သူ့ထံမှနားထောင်လေ၏။ Ver Capítulo |
သို့သော်လည်း လူသည် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည်မဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ သတ်မှတ်ခံရကြောင်း ကျွန်ုပ်တို့ သိကြ၏။ ကျွန်ုပ်တို့သည်လည်း ပညတ်တရားကို လိုက်နာခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန် ယေရှုခရစ်တော်ကို ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်မဟုတ်သောကြောင့် ဖြစ်၏။
ကျွန်ုပ်သည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ သတ်ခြင်းခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်သည် အသက်မရှင်တော့ဘဲ ခရစ်တော်သာလျှင် ကျွန်ုပ်ထဲ၌ အသက်ရှင်တော်မူ၏။ ယခုကိုယ်ခန္ဓာ၌ ကျွန်ုပ်အသက်ရှင်သည်မှာ ကျွန်ုပ်ကို ချစ်၍ ကျွန်ုပ်အတွက် အသက်ပေးတော်မူသော ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း ဖြစ်၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့အားလုံး လက်ခံယုံကြည်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံ ရေးရန် ကျွန်ုပ်အလွန်စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူအပေါင်းတို့အား တစ်ကြိမ်တည်းနှင့်အပြီး ကိုယ်တော်ပေးအပ်တော်မူသောယုံကြည်ခြင်းတရားအတွက် ခုခံတိုက်ခိုက်ကြလော့ဟူ၍ သင်တို့အား စာရေးတိုက်တွန်းရန် လိုအပ်လာ၏။