တမန်တော်ဝတ္ထု 20:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း16 ပေါလုသည် အာရှပြည်တွင် အချိန်မကုန်ဆုံးစေလိုသဖြင့် ဧဖက်မြို့ကိုဖြတ်၍ ရွက်လွှင့်ရန် စိတ်ဆုံးဖြတ်ထားပြီးဖြစ်၏။ ဖြစ်နိုင်မည်ဆိုပါက ပင်တေကုတ္တေပွဲနေ့အမှီ ဂျေရုဆလင်မြို့သို့ရောက်ရှိရန် သူသည် စိတ်ပြင်းပြလျက်နေ၏။ Ver CapítuloCommon Language Bible16 ပေါလုသည်အာရှနယ်တွင်အချိန်မကုန်စေ လိုသဖြင့် ဧဖက်မြို့အနီးမှဖြတ်၍သင်္ဘော လွှင့်ရန်စိတ်ပိုင်းဖြတ်ထား၏။ ဖြစ်နိုင်ပါက ပင်တေကုတ္တေပွဲတော်အမီယေရုရှလင်မြို့ သို့ရောက်ရှိရန် သူသည်အလျင်အမြန်ခရီး ပြုလျက်နေ၏။ Ver CapítuloJudson Bible16 ပေါလုသည် ပင်တေကုတ္တေပွဲနေ့မလွန်မီ ယေရုရှလင်မြို့သို့ ရောက်နိုင်လျှင်ရောက်ခြင်းငှာ ကြိုးစားသည်ဖြစ်၍ အာရှိပြည်၌ တာရှည်စွာမနေလိုသဖြင့် ဧဖက်မြို့မှာ မဆိုက်ဘဲ လွှင့်သွားမည်ဟု စိတ်ပြဋ္ဌာန်းလျက်ရှိနှင့်သတည်း။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း16 ဤသို့ခရီးပြုခြင်းမှာ ပေါလုသည် အာရှပြည်တွင် အချိန်မကုန်စေရန် ဧဖက်မြို့၌မဆိုက်ဘဲရွက်လွှင့်သွားမည်ဟု ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။ သူသည် ဖြစ်နိုင်လျှင် ပင်တေကုတ္တေပွဲနေ့တွင် ဂျေရုဆလင်မြို့သို့ရောက်လိုသည်ဖြစ်၍ ခရီးကိုလျင်မြန်စွာပြုနေ၏။ Ver Capítulo |