တမန်တော်ဝတ္ထု 20:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း13 ကျွန်ုပ်တို့သည် သင်္ဘောပေါ်သို့ ဦးစွာတက်ပြီးလျှင် ပေါလုကို ခေါ်တင်ရမည့် အဿုမြို့သို့ ရွက်လွှင့်ကြ၏။ သူသည် ထိုမြို့သို့ ကုန်းလမ်းခရီးဖြင့် သွားရန် ဆုံးဖြတ်ထားသောကြောင့် ဤသို့ စီစဉ်ခဲ့ခြင်းဖြစ်၏။ Ver CapítuloCommon Language Bible13 ကျွန်ုပ်တို့သည်သင်္ဘောသို့အလျင်သွား၍အဿု မြို့သို့လွှင့်ကြ၏။ အဿုမြို့သို့ရောက်မှပေါလု အားသင်္ဘောစီးစေရန်ဖြစ်၏။ ပေါလုသည်ထို မြို့သို့ကုန်းကြောင်းဖြင့်သွားရန်စီစဉ်ထား ခြင်းဖြစ်ပေသည်။- Ver CapítuloGarrad Bible13 ငါ တို့ မူ ကား ကုန်း ကြောင်း သွား မည့် အ ကြံ ရှိ သော ပေါ လု စီ မံ ခဲ့ သည့် အ တိုင်း သင်္ဘော တက်၍ အဿု မြို့ မှ ပေါ လု တက် စီး မည် အောက် မေ့ လျက် စီး နှင့် ကြ ၏။ Ver CapítuloJudson Bible13 ငါတို့သည် ပေါလုအရင် သင်္ဘောသို့သွား၍၊ အဿုမြို့၌ သူ့ကိုခံယူမည်အကြံနှင့် ထိုမြို့သို့ လွှင့်ကြ၏။ ပေါလုသည်ထိုမြို့သို့ ကုန်းကြောင်းသွားမည်အကြံရှိ၍ ထိုသို့စီရင်လေ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း13 ငါတို့သည် ပေါလုကို အဿုမြို့၌သင်္ဘောပေါ်ခေါ်တင်ရန် စီစဉ်လျက် သင်္ဘောဆီသို့ ဦးစွာသွားပြီးလျှင် ထိုမြို့သို့ ရွက်လွှင့်ကြ၏။ ဤသို့စီစဉ်ခြင်းမှာ ပေါလုသည် ကုန်းကြောင်းသွားရန်စီစဉ်ထား၍ ထိုသို့မှာကြားခဲ့သောကြောင့်ဖြစ်၏။ Ver Capítulo |