တမန်တော်ဝတ္ထု 19:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း22 သူသည် မိမိအား ကူညီဆောင်ရွက်ပေးသူ တိမောသေနှင့် ဧရတ္တုကို မာကေဒေါနိပြည်သို့ စေလွှတ်၍ အာရှပြည်၌ ကာလအနည်းငယ်ဆက်နေလေ၏။ Ver CapítuloCommon Language Bible22 သူသည်မိမိ၏လက်ထောက်နှစ်ယောက်ဖြစ် သည့်တိမောသေနှင့်ဧရတ္တုတို့ကိုမာကေ ဒေါနိပြည်သို့စေလွှတ်လိုက်၏။ မိမိမူကား အာရှပြည်တွင်ကာလအနည်းငယ်နေ၏။ Ver CapítuloGarrad Bible22 လက် ထောက် များ အ နက် တိ မော သေ နှင့် ဧ ရ တ္တု နှစ် ပါး ကို မာ ကေ ဒေါ နိ ပြည် သို့ လွှတ် လိုက် ပြီး လျှင် အာ ရှိ ပြည် တွင်း ဆိုင်း လျက် နေ လေ၏။ Ver CapítuloJudson Bible22 မိမိအားလုပ်ကျွေးသော သူနှစ်ယောက်၊ တိမောသေနှင့် ဧရတ္တုတို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီးမှ မိမိသည် အာရှိပြည်၌ ခဏနေသေး၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း22 ထို့ကြောင့် သူသည် မိမိကိုကူညီဆောင်ရွက်ပေးသူများထဲမှ တိမောသေနှင့်ဧရတ္တုတို့နှစ်ဦးကို မာကေဒေါနိပြည်သို့စေလွှတ်၍ သူကိုယ်တိုင်သည် အာရှပြည်တွင် ခေတ္တနေခဲ့၏။ Ver Capítulo |
မာကေဒေါနိပြည်မှ လာသော ညီအစ်ကိုတို့သည် ကျွန်ုပ်လိုအပ်သည့်အရာများကို ဖြည့်ဆည်းပေးကြ၏။ ထို့ကြောင့် ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ်၌ တစ်စုံတစ်ရာလိုအပ်လျှင် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေခဲ့ပေ။ ကျွန်ုပ်သည် သင်တို့အတွက် မည်သို့မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မိမိကိုယ်ကိုယ် သတိနှင့် နေခဲ့၏။ နောင်တွင်လည်း သတိနှင့် နေဦးမည်။
အဘယ်ကြောင့်ဆိုသော် သခင်ဘုရား၏ သတင်းကောင်းသည် သင်တို့ထံမှ မာကေဒေါနိပြည်၊ အခါယပြည်သို့ ပျံ့သွားသည်သာမက ဘုရားသခင်ကို သင်တို့ယုံကြည်သည့်အကြောင်းသည်လည်း နေရာတိုင်းသို့ ပျံ့နှံ့သွားသောကြောင့် ဖြစ်၏။ ထို့ကြောင့် သင်တို့ယုံကြည်သည့်အကြောင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ ကျွန်ုပ်တို့ပြောစရာမရှိ။