တမန်တော်ဝတ္ထု 18:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း12 သို့သော် ဂါလျန်မင်းသည် အခါယပြည်၏မြို့ဝန်မင်းဖြစ်သောအခါ ဂျူးတို့သည် ပေါလုကို ပူးပေါင်းဆန့်ကျင်၍ တရားခွင်သို့ ခေါ်ဆောင်သွားကြ၏။ Ver CapítuloCommon Language Bible12 ဂါလျုန်သည်အခါယပြည်ဘုရင်ခံဖြစ်စဉ် အခါ ယုဒအမျိုးသားအပေါင်းတို့သည် စုရုံးလျက် ပေါလုကိုဖမ်းဆီးပြီးလျှင် တရားခွင်ရှေ့သို့ခေါ်ဆောင်ခဲ့ကြ၏။- Ver CapítuloGarrad Bible12 သို့ သော် လည်း အ ခါ ယ ပြည် ဝန် ကြီး ဂါ လျုန့် လက် ထက် ယု ဒ လူ မျိုး တို့ သည် ပေါ လု ကို တစ် ပြိုင် နက် ရန် မူ လျက် တ ရား ခွင် ရှေ့ ခေါ် သွား ပြီး လျှင်၊ Ver CapítuloJudson Bible12 အခါယပြည်ကို ဂါလျုန်မင်းသည် ဝန်အရာနှင့် အုပ်စိုးသောအခါ ယုဒလူများသည် တညီတညွတ်တည်း ပေါလုကို အနိုင်အထက်ပြု၍ တရားပလ္လင်ရှေ့သို့ ယူသွားပြီးလျှင်၊- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း12 သို့သော် ဂါလျုန်သည် အခါယပြည်၏အုပ်ချုပ်ရေးမှူးဖြစ်စဉ် ဂျူးလူမျိုးတို့သည် ပေါလုကို တညီတညွတ်တည်းဆန့်ကျင်၍ သူ့ကို တရားခွင်သို့ ခေါ်ဆောင်သွားပြီးလျှင် Ver Capítulo |
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ကောရိန္သုမြို့ရှိ ဘုရားသခင်၏အသင်းတော်နှင့် အခါယပြည်တစ်ဝန်းလုံး၌ နေထိုင်သော ယုံကြည်သူအားလုံးထံသို့ ပို့လိုက်သောစာ ဖြစ်၏။
လှူဒါန်းလိုသော သင်တို့၏စေတနာစိတ်ကို ကျွန်ုပ်သိ၏။ ထိုသို့စေတနာစိတ်ရှိကြောင်းကို မာကေဒေါနိပြည်သားတို့အား “အခါယပြည်၌ရှိသော ညီအစ်ကိုတို့သည် လွန်ခဲ့သောနှစ်ကတည်းကပင် လှူဒါန်းရန် အသင့်ရှိကြပြီ” ဟု ဂုဏ်ယူဝင့်ကြွားစွာ ကျွန်ုပ်ပြောပြထား၏။ ထိုအခါ သင်တို့၏ စေတနာစိတ်သည် သူတို့အားလုံးနီးနီးကို နှိုးဆော်စေခဲ့၏။