တမန်တော်ဝတ္ထု 17:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း24 ဘုရားသခင်သည် ကမ္ဘာလောကနှင့်တကွ ကမ္ဘာပေါ်တွင် ရှိသမျှသောအရာတို့ကို ဖန်ဆင်းတော်မူ၍ ကောင်းကင်နှင့်မြေကြီးတို့၏အရှင်သခင်ဖြစ်သောကြောင့် လူ့လက်ဖြင့် ဆောက်လုပ်သော ဘုံဗိမာန်တို့တွင် စံမြန်းတော်မမူ။ Ver CapítuloCommon Language Bible24 ကမ္ဘာလောကကြီးနှင့်တကွကမ္ဘာပေါ်တွင်ရှိ သမျှသောအရာတို့ကိုဖန်ဆင်းတော်မူသော ဘုရားသည် မိုးမြေကိုစိုးပိုင်တော်မူသော အရှင်ဖြစ်၍လူ့လက်ဖြင့်ဆောက်လုပ်သည့် ဘုံဗိမာန်တွင်ကျိန်းဝပ်တော်မမူ။- Ver CapítuloGarrad Bible24 ဤ လော က နှင့် ပါ ရှိ သ မျှ ကို ဖန် ဆင်း တော် မူ သော ဘု ရား သ ခင် သည် မိုး မြေ ရှင် ဖြစ်၍ လက် လုပ် ဖြစ် သော ဗိ မာန် များ တွင် ကိန်း ဝပ် တော် မ မူ။ Ver CapítuloJudson Bible24 လောကဓာတ်မှစ၍ လောကဓာတ်၌ ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည်၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၍၊ လူတို့လက်ဖြင့် လုပ်သောဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း24 ကမ္ဘာလောကနှင့် ၎င်း၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်၍ လူ့လက်ဖြင့်တည်ဆောက်သောဗိမာန်များတွင် ကိန်းဝပ်တော်မူသည်မဟုတ်။ Ver Capítulo |
ထိုအချိန်၌ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရွှင်လန်းလျက် “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ မှန်ပါ၏အဖ။ ဤသည်မှာ အဖခမည်းတော် နှစ်သက်တော်မူသောအရာပင် ဖြစ်၏။
“မိတ်ဆွေတို့… အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ကျွန်ုပ်တို့သည်လည်း သင်တို့ကဲ့သို့ သာမန်လူများပင် ဖြစ်ကြ၏။ သင်တို့သည် ဤအဓိပ္ပာယ်မဲ့သောအရာများကို ကျောခိုင်း၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ထိုအရပ်တို့၌ ရှိသမျှသောအရာများကို ဖန်ဆင်းတော်မူသည့် အသက်ရှင်သောဘုရားသခင်ထံသို့ လှည့်လာကြစေရန် ကျွန်ုပ်တို့သည် သင်တို့ထံ သတင်းကောင်းယူလာရခြင်းဖြစ်၏။